Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

 

{မေ၊ ၂၀၀၇}

 

အလုပ်အကိုင် စီးပွားရေးအဆင်ပြေသလို အချစ်ရေးလဲ ကံကောင်း နေမည်။ ရောက်ရာအရပ်၊ ကြုံရာလူ၊ ကြုံရာလုပ်ငန်းတို့ကို အမျိုးမျိုး ပြောင်းလဲလုပ်ကိုင်နေရတတ်သဖြင့် စီးပွားရေးလုပ်ငန်း၊ အတွေ့အကြုံ များပြားပြီး လူမှုဆက်ဆံရေး အပေါင်းအသင်း ကျယ်ပြန့်မည်။ သို့သော် လောင်းကစား၊ အရက်၊ အပျော်အပါး ဖက်ကာ ဥပဒေနှင့်မလွတ်ကင်းသော ဖြတ်လမ်းစီးပွားရေးများ လုပ်ဆောင်မိပါက အမှုအခင်း အရှုပ်အရှင်းများ ရင်ဆိုင်ရပြီး ဒုက္ခရောက်တတ်သည်ကို သတိ ပြုပါ။

တရားထိုင်ခြင်း၊ ဘာသာရေးများလုပ်ပါက ထူးခြားသော အောင်မြင်မှုရရှိမည်။ ညီငယ် ညီမငယ်၊ သားသမီးတို့အတွက် စိတ်ချမ်းသာမည်။ မျက်နှာပွင့်လန်းမည်။ လုပ်ငန်းအောင်မြင်လို့ ထင်ပေါ်ကျော်ကြားပေမဲ့ လုပ်ဖေါ်ကိုင်ဖက်အချင်းချင်း စကားများရမည်။

ညာဘက်သွား နာမည်။ မိတ်ကောင်းဆွေကောင်းများ တွေ့ရ၍ စိတ်ချမ်းသာပျော်ရွှင်ပြီး အေးချမ်းသာယာမည်။ ရန်သူများကို အောင်နိုင်၍ သြဇာအာဏာရှိမည်။ သားသမီးဆွေမျိုးများ စကားများရန်ဖြစ်၍ ကိုယ်က လိုက်လံဖြေရှင်းပေးရတတ်သည်။ ဇနီး- ခင်ပွန်းတို့နှင့် အဆင်ပြေ စိတ်ချမ်းသာရမည်။

တာဝန်အရ ခရီးသွားလာရတတ်သည်။ ကိုယ်ထက်နိမ့်သူ လက်အောက်ငယ်သား များနှင့် တွဲ၍ အားကိုးပြီး အလုပ်လုပ်ပါက ငွေများများရမည်။ အရောင်းအ၀ယ်လုပ်ငန်းများတွင် အမြတ်ပေါ်မည်။ ရာထူးတိုးမည်။ အခွင့်အရေးသစ်ရမည်။ ပြည်တွင်းပြည်ပ ခရီးတိုသွားရမည်။

 

ယတြာ။              ။ မွေးနေ့တွင် အချိုသကြားဖြင့် ဆွမ်းတော်ကပ်၍ လိုရာဆုတောင်းပါက ဆန္ဒပြည့်ဝစေသည်။

 
........................................................................................................................

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org