|

ဟန်ဆောင်ကြွားဝါမှုကို အထူးဂရုစိုက်ထိန်းသိမ်းပါ။ အသောက် အစား၊
အပျော်အပါး ရှုပ်ထွေးလာပြီး လူလိမ်၊ လူညာများနှင့် တွေ့ရတတ်၍ စီးပွားရေး
ဆုံးရှုံးတတ်သည်။ စီးပွားရေး၊ လူမှုရေး အတိုက်အခံ၊ အပြိုင်အဆိုင်
တွေ့ရတတ်သော်လည်း ကိုယ်က နိုင်မည်။
အနာနှင့်ဆေး
ကိုက်ညီမှုမရှိဘဲ၊ ဆေးထိုး ဆေးစား မှားတတ်သည်ကို ဆင်ခြင်ပါ။ ရန်စခံရ၍
ခိုက်ရန်ဖြစ်တတ်သည်။ အလုပ်အကိုင် အိုး၊ အိမ်အတွက် စိတ်ဆင်းရဲ နေရမည်။
အလုပ်များမှာလည်း ထင်တိုင်းမပေါက် တပိုင်းတစဖြစ်နေမည်။ ရခါနီး
အခွင့်အရေးများ ဆုံးရှုံးမည်။ သူများသို့ ချေးငှားထားသော ငွေကြေးများ
အကြွေးဆုံးဖြစ်တတ်သလို မိမိ သေချာ ပေါက်ရမည့် ငွေမှာလည်း လွဲချော်၍
လာဘ်ပိတ်သလို ဖြစ်နေတတ်သည်။
အတူနေအိမ်သား မိသားစုတို့၏ ကျန်းမာရေးအတွက် ငွေကုန်ကြေးကျ များနေတတ်
သည်။ ချစ်သူတို့၏ အထင်အမြင်လွဲ၊ စွပ်စွဲခံရတတ်သည်။ အနောက်တောင်အရပ်မှ
လာသူများ၊ စနေသားသမီးများ ညအိပ်ညနေ မိမိ၏အိမ်နေရာတွင် လက်မခံပါစေနှင့်၊
ဒုက္ခပေးတတ်သည်။
ယတြာ။
။
အ၀တ်အစား
အဟောင်းထည်ကို စင်ကြယ်စွာ လျော်ဖွတ်ပြီး မရှိဆင်းရဲသား တဦးအား
ပေးကမ်းစွန့်ကြဲပါက မိမိအတွက် အဆိုးများပျောက်၍ အကောင်းများ ရောက်လာ
ပါမည်။ |