|

မိမိတတ်မြောက်ကျွမ်းကျင်သော စက်မှုလက်မှုအတတ်ပညာမှာ
မေ့ပျောက်ဖုံးကွယ်နေတတ်၍ လုပ်ဆောင်ပါက ကိုယ်က အနိုင်ရပြီး
အများ၏လေးစားမှု ပြန်လည်ရရှိကာ အခွင့်အရေးအသစ် ထပ်မံ ရရှိတတ်သည်။
စအိုတွင်
အပူနာပေါက်ခြင်း၊ အရေပြားလောင်ခြင်းတို့ ဖြစ်တတ်သည်။ မိတ်ဆွေကောင်းများ
တိုးပွားပြီး ငွေအစုအပြုံလိုက်ဝင်မည်။
အချစ်သစ်နဲ့တွေ့မည်။ ပညာရေးတပိုင်းတစဖြစ်နေသော သားသမီး၊ ညီအစ်ကို
မောင်နှမတို့၏ ဒုက္ခကို ကိုယ်က ၀င်ပူပြီး စိတ်ညစ်ရမည်။ အလုပ်အကိုင်တွင်
အပြိုင်အဆိုင် များလေ အောင်မြင်လေဖြစ်မည်။ အလုပ်အကိုင်ပြောင်းလျှင်
ပို၍ကောင်းသည်။
ဖခင်မှာ
ဗြုန်းကနဲ ကျန်းမာရေး ချူချာညံ့သည်။ ၀မ်းဗိုက်အောက်ပိုင်း ဒုက္ခပေး၍
ဆီးအကြိတ်ရောင်မည်။ နေအိမ် ပြင်ဆင်ရတတ်သည်။ (သို့မဟုတ်) အိမ်ကောင်း
အိမ်သစ်သို့ ပြောင်းရွှေ့ရတတ်သည်။
ယတြာ။
။
ငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်း စသည့် ဇီဝိတဒါနတို့ကြောင့် အသက်ရှင်ခြင်း၊
အဆင်းလှခြင်း၊ စီးပွားဥစ္စာ တိုးတက်ခြင်းတို့ ရရှိခံစားရမည်။ |