|

ဇွဲ၊
သတ္တိရှိရှိဖြင့် အပင်ပန်းခံ ကြိုးစားခဲ့သော အလုပ်ငန်းများမှ
အောင်မြင်မှုရှိသည်။ အများအကျိုးအတွက် ဆောင်ရွက်ရတတ်သည်။
ဆွေမျိုးများအတွင်း အာဏာရှင်ဆန်ဆန် ပြုမူသဖြင့် သားသမီး၊ ညီအစ်ကို
မောင်နှမအရင်းအခြာ၊ လုပ်ဖေါ်ကိုင်ဖက်များက ရှောင်ကျဉ်သွားတတ်၍
အထီးကျန်ဖြစ်တတ်သည်။ ပညာရေးကံ ကောင်းမည်။ စီးပွားဖြစ်ထွန်း၍
မျက်နှာပွင့်လန်းမည်။
ဘာသာရေးနှင့် ပတ်သက်၍ ဂန္ဗီရဆန်ဆန် ထူးခြားမှုများကို ကြုံတွေရမည်။ အထူး
သဖြင့် တောင်အရပ်မှလာသော ရဟန်းသံဃာ၊ သူတော်စင်များနှင့် ဘုရားတည်၊
ကျောင်း ဆောက်၊ သာသနာပြုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရတတ်သည်။
လူပျို
အပျိုများနှင့် အိမ်ထောင်သည် ကျား၊ မတို့ ငြိစွန်းတတ်သည်ကို သတိပြုပါ။
လက်အောက်ငယ်သားများကို အားကိုး၍ လုပ်ငန်းများ လုပ်ဆောင်ပါက
လုပ်ငန်းများ အောင်မြင် ပြီး ငွေများများရရှိမည်။ အရောင်းအ၀ယ်များ
အမြတ်ပေါ်မည်။ အခွင့်အရေးသစ်များ ရရှိမည်။ ရာထူးတိုးမည်။ ပြည်တွင်းပြည်ပ
ခရီးတိုများ သွားရတတ်သည်။
ဝမ်းဖောဝမ်းရောင်ရောဂါ လေပွမည်။ မကြာခဏ ဗိုက်အောင့်တတ်သည်။
ဝမ်းဗိုက်ကို ခွဲစိတ်ရသည်အထိ ၀မ်းဗိုက်ရောဂါများ တစ်ခုပြီးတစ်ခု
ဖြစ်တတ်၍ အစားအသောက် အနေ အထိုင်များ ဆင်ခြင်ပါ။ ဆရာသမားတို့၏ အကူအညီ
ထောက်ပံ့မှုရရှိကာ ဂုဏ်ကျက်သရေ တိုးမည်။
ယတြာ။
။
မွေးနေနံနက်စောစော အိမ်မှဘုရားတွင် ဆီမီး (၉) တိုင် ပူဇော်၍
“အရဟံသိန္ဓိ” ဂုဏ်တော် (၉) ပတ် ပုတီးစိတ်ပါက ကောင်းကျိုးချမ်းသာများ
ရရှိခံစားရပါမည်။ |