|

စီးပွားရေးလုပ်ငန်း ဖြစ်ထွန်းအောင်မြင်လိုမှုကြောင့် လောဘ တတ်မက်၍
လုပ်ငန်းတိုးချဲ့ လုပ်ဆောင်မှုများကြောင့် လုပ်ငန်းများ တခုပြီးတခု
ပြောင်း၍ အတည်တကျမရှိတတ်ဘဲ လေလွင့်ဆုံးရှုံးမှု များ ဖြစ်တတ်သည်။
တစိုက်မတ်မတ် အပင်ပန်းခံ လုပ်တတ်ခြင်း ကြောင့်လည်း
ရည်မှန်းချက်များအားလုံး အောင်မြင်၍ ဘေးရန် အန္တရာယ်ကင်းပြီး
စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်နေရမည်။ သို့သော် စည်းမဲ့ကမ်းမဲ့
ပရမ်းပတာ ထင်ရာစိုင်းပါက မခိုင်မာတဲ့ စီးပွားရေးလုပ်ငန်းများကြောင့်
ဆုံးရှုံး၍ စိတ်ဆင်းရဲမည်။
ညီအစ်ကိုမောင်နှမများနှင့် ပြဿနာဖြစ် စကားများမည်။ သူများသမီးကြောင့်
ကိုယ့်မှာ နာမည်ပျက်၊ အရှက်ခွဲခံရမည်။ ကောင်းမှုကုသိုလ်
အလှူအတန်းများပြုပါက ထူးခြားသော ရဟန်းသံဃာ၊ ပုဂ္ဂိုလ်ထူးများ
ကိုးကွယ်ခွင့်ရပြီး လုပ်ငန်းများ အောင်မြင်၍ ငွေဝင်မည်။ ယာဉ်ရထား၊
အိမ်၊ ကား၊ မြေ ၀င်မည်။
မိတ်ကောင်းဆွေကောင်းများတွေ့မည်။ မိခင်၊ ဒေါ်ကြီးတို့နှင့် စကားများရန်
ဖြစ်ရမည်။ မိတ်ဆွေများနှင့် အထင်အမြင်လွဲမှားနေသော ရန်ငြှိုးများကို
လူကြီးတွေက ဖျန်ဖြေပေး၍ အဆင်ပြေ ကိစ္စပြီးသွားမည်။
လူကြီးမိဘများ ကျန်းမာရေးချို့တဲ့မည်။ တန်ဖိုးကြီးသော ပစ္စည်းတခုကြောင့်
မိခင်ဖြစ်သူ၏ အထင်မြင်သေးခံရပြီး စိတ်ဆင်းရဲရမည်။
ယတြာ။
။
ရဟန်းသံဃာများအား ဆွမ်းကျွေး၊ ဆွမ်းကပ်ခြင်းပြုလုပ်ပါက စီးပွားဥစ္စာ
ဒီရေတိုးလို့ ကျန်းမာဝဖြိုးလာပါလိမ်မည်။ |