|

အတတ်ပညာများဖြင့် ရှာဖွေ၍ ၀င်ငွေများနေသလို ကျန်းမာရေး အတွက်
ထွက်ငွေများနေတတ်သည်။ ချစ်သူ၊ ဇနီးမယား၊ လင်ယောင်္ကျားတို့
ဒိုးတူဘောင်ဖက်လုပ်ငန်းများ လုပ်ကိုင်အဆင်ပြေ သည်။
နှစ်ဖက်ဆွေမျိုးအသိုင်းအ၀ိုင်းတို့၏ ကူညီစောင့်ရှောက်မှု ရရှိသည်။
သူတို့အကူအညီဖြင့် အလုပ်အကိုင်သစ်၊ အခွင့်အရေးသစ် ရရှိမည်။ မိဘဆွေမျိုး
ညီအစ်ကိုမောင်နှမများ၏ စိတ်ချမ်းသာစရာ သတင်းကောင်းများ ကြားရမည်။
သူများကိစ္စကြားဝင်ဆောင်ရွက်ရင်း ကိုယ်ပါ ပြဿနာတက်တတ်သည်ကို ဆင်ခြင်ပါ။
စကားအပြောအဆိုမတတ်၍ ဂုဏ်သိက္ခာကျတတ်သည်ကို သတိပြုမိပါ။
ပြောမှားဆိုမှားများ ကြောင့် ပြဿနာဖြစ် စကားများရတတ်သည်။
လုပ်ငန်းကိစ္စပေးထားသော ကတိစကားများ လည်း ပျက်တတ်သည်။
အစာမကြေရောဂါဖြစ်မည်။ အပူနာများ ပေါက်လိမ့်မည်။
စိတ်ချမ်းမြေ့ပျော်ရွင်ပြီး ငွေကြေးဥစ္စာ၊ ရတနာပစ္စည်းများဝင်မည်။
ဆန့်ကျင်ဖက်လိင် ယောင်္ကျား၊ မိန်းမတို့၏ စိတ်ဝင် စားမှု၊ အရေးပေးမှု
ခံရမည်။ လောကစည်းစိမ် ခံစားရမည်။ မိတ်ဆွေကောင်း၊ မိတ်ဆွေအသစ် များနှင့်
တွေ့မည်။ အိမ်မြေအဆောက်အဦး ဆောက်လုပ်ရေးလုပ်ငန်းများ
လုပ်ကိုင်အောင်မြင်နိုင် သည်။
ဂုဏ်သရေရှိရှိ လုပ်ကိုင်နေသူအချင်းချင်း ခြေထိုး ဖျက်ဆီးခံရတတ်သည်။
တရားထိုင် ချင်စိတ် ဖြစ်ပေါ်နေသည်။ အဓိဌာန် ပုတီးစိတ်လျှင် အရာရာအားလုံး
အောင်မြင်နိုင်သည်။ ထင်ပေါ်ကျော်ကြားမှုကြောင့် ကြွားဝါခြင်း၊
လုပ်ငန်းအတူ လုပ်ဖေါ်ကိုင်ဖက်များအပေါ် မလည်ရှုပ် ဆက်ဆံရေးများကြောင့်
အချင်းချင်း ခိုက်ရန်ဒေါသဖြစ်ခြင်း၊ ပြစ်တင်ရှုံ့ချခံရတတ်ခြင်းတို့ကို
သတိကြီးစွာ ထား၍ ဆက်ဆံပြုမူပါ။
ယတြာ။
။
ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ ပုတီး၊ ဘုရားစာအုပ် စသည့် ဘာသာရေး
ပစ္စည်းများ လှူဒါန်းမှုပြုပါ။ သင့်အတွက် လိုအင်ဆန္ဒများ
ပြည့်ဝပါလိမ့်မည်။ |