Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

၂၀၀၈၊ မတ်

 

 

ပညာရေး၊ အလုပ်အကိုင် စီးပွားရေးတို့မှာ ကိုယ်ကြိုးစား သလောက် အကျိုးခံစားခွင့် ရမယ်။ ဦးကြီး၊ ဘကြီး စသည့် ဆွေမျိုး အကြီးအကဲတို့၏ ကူညီစောင့်ရှောက်မှု ခံရမယ်။ မိတ်ဆွေသူငယ်ချင်းတို့၏ အကူအညီလည်း ရတတ်သည်။ အ၀တ်အစားကောင်းများ ၀တ်ရပြီး  အစားကောင်း စားရမယ်။ မိတ်ဆွေအသစ် မိတ်ဆွေကောင်းများ တိုးပွား မယ်။ အလှူအတန်း လုပ်ဖြစ်မယ်။ စာပေ၊ ကဗျာကြောင့် နာမည်ရမယ်။ ဆရာသမားကောင်း ဖြစ်မယ်။

အလုပ်ကိစ္စနှစ်ခုကို တပြိုင်နက်တည်း လုပ်နေရသော်လည်း နှစ်ခုစလုံး အောင်မြင် မယ်။ လုပ်ငန်းခွင်အလုပ်မှာ စိတ်ချမ်းသာ ပျော်ရွှင်မယ်။ ချစ်သူဆီက ကောင်းသော အဖြေစကား ကြားရမယ်။ ငွေစုနိုင်မယ်။ ထားတဲ့နေရာက ငွေပျောက်မယ်။ ရပ်ဝေးမှ သတင်းစကားကောင်း များ ကြားရမယ်။ စီးပွားရေး အထူးကောင်းလာမယ်။ ငွေအစုအပုံလိုက် ၀င်မယ်။ လုပ်ငန်း အကြံအစည်တွေ အထမြောက်အောင်မြင်မယ်။ ရာထူးတိုးမယ်။

လုပ်ငန်းခွင်တွင် လက်အောက်ငယ်သားများနဲ့ပတ်သက်လို့ ဂုဏ်သိက္ခာကျမယ်။ လက်အောက်ငယ်သားကြောင့် ပတ်ဝန်းကျင်တွင် အထင်အမြင်သေးစရာ ဖြစ်နေလိမ့်မယ်။ မမျှော်လင့်ဘဲ ငွေဝင်မဲ့ကံ အခွင့်အရေးတွေ ရလာပါမယ်။ ကံစမ်းထီထိုးသင့်သည်။ (၄,၆) ဂဏန်း အကျိုးပေးမယ်။ ကိုယ်ဘက်က ဦးဆောင်ပြီး လုပ်ချင်တဲ့အလုပ်တွေ လုပ်ဖြစ်မယ်။ အလုပ်ပြောင်း၊ နေရာပြောင်း ကြံစည်ပါက လုပ်ချင်တာတွေ အောင်မြင်မယ်။ ယာယီခရီးသွားလို့ ရတယ်။ ပြည်ပခရီး သွားရမယ်။ ဖခင်နှင့် စကားများရတတ်သည်။

အိမ်ထောင်ဘက်တို့ ကျန်းမာရေး ချို့တဲ့လို့ စိတ်ပူနေရမယ်။ မတော်တဆထိခိုက် မိတတ်သည်။ ရင်ခေါင်းနဲ့ပတ်သက်တဲ့ ရောဂါ ဖြစ်မယ်။ အရေပြားနဲ့ ပတ်သက်တဲ့ရောဂါ ဖြစ်မယ်။ အပူနာ ပေါက်မယ်။

ယတြာ။              ။ ဘုရားတွင် သောက်ရေကပ်လှူပြီး ရေသပ္ပါယ်ပါ။ သက်ကြီးရွယ်အိုများအား အအေးလှူဒါန်းပါက စီးပွားရေး၊ လူမှုရေးများ ကောင်းမွန်တိုးပွားလို့ စိတ်ချမ်းသာနေရပါ လိမ့်မည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org