|

အလုပ်တဖက်နှင့် ပညာသင်ကြားရလိမ့်မည်ဖြစ်ပြီး နှစ်ခုစလုံးမှာ
အောင်မြင်မှုရပါမည်။ အတူတူ လုပ်ဖေါ်ကိုင်ဖက် (သို့မဟုတ်) ကျောင်းနေဖက်
သူငယ်ချင်းမှ ချစ်သူဖြစ်လာပါလိမ့်မည်။ ခရီးယာယီသွားရင် စိတ်ဆင်းရဲရမယ်။
ဘေးဥပဒ်ကြုံတွေ့ရတတ်သဖြင့် သတိထားပါ။ အိုးအိမ်မြေအတွက် စကားများ
ရတတ်သည်။ မိဘနှင့် စိတ်ဝမ်းကွဲမည်။ သူများက သွားပုပ်လေလွင့် အပြောခံ
ရတတ်သည်။ အိမ်ထောင်သည်တို့နှင့် အစွပ်စွဲခံရတတ်သည်။ အိမ်တွင်းရေး
အဆင်မပြေပါ။ စကားများရတတ်သည်။
အမှုအခင်းကြုံတွေ့ရပါက ရန်သူကို အနိုင်ရရှိမယ်။ အတတ်ပညာအတွက် ဆရာသမား၊
အထက်လူကြီးတို့ရဲ့ အထင်ကြီးမှု ခံရမယ်။ လုပ်ချင်တဲ့ အလုပ်အတွက်လည်း
အကူအညီပေးမဲ့ သူ အဆင်သင့်ရှိနေမယ်။ သားသမီး၊ ညီ/ညီမငယ်တို့ရဲ့
ပညာရေးသတင်းကောင်း ကြားရမယ်။ လောဘကြီးလို့ အလိမ်ခံရတတ်သည်။
အိမ်ထောင်ရေးနှင့်ပတ်သက်၍ အရှက်တကွဲ အမှုအခင်း တွေ့ကြုံရတတ်သည်။
ကိုယ်ဝန်ဆောင်များ သမီးမွေးမည်။
သားသမီးတို့ရဲ့ အလုပ်ကိစ္စ အောင်မြင်မယ်။ ကိုယ်လိုချင်တဲ့ ပုံစံမျိုးကို
သားသမီး များက ကိုယ့်အတွက် အကူအညီပေးမယ်။ စီးပွားရေး အဆင်ပြေပြီး
ငွေကြေးနဲ့ပတ်သက်လို့ စိတ်ချမ်းသာသော်လည်း အိမ်ထောင်ရေးမှာ
စိတ်ညစ်ရှုပ်ထွေးစရာတွေ ကြုံတွေ့နေရမယ်။ ရည်မှန်းချက်များ တဖြည်းဖြည်း
လုပ်ရင်းကိုင်ရင်း ပုံပေါ်လာမယ်။
ရောဂါထူမယ်။
ရေချိုးမှားမယ်။ လေရောဂါဖြစ်မယ်။ နာတရှည်ဝေဒနာ ခံစားရ တတ်သည်။
ယတြာ။
။
မိမိအိမ်၏
အရှေ့မြောက်အရပ်သို့ အ၀တ်အစားအဟောင်းများကို လွှင့်ပစ်ပါက အဆိုးများ
ကြေပျောက်၍ အကောင်းများ ရောက်ရှိလာပါမည်။ |