Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

၂၀၀၈၊ မတ်

 

 

အထက်လူကြီးဆရာသမား အပြောင်းအလဲ ရှိတယ်။ ဆရာသမား တို့ရဲ့ ကူညီစောင့်ရှောက်မှု ကောင်းကောင်းရမယ်။ ဆန့်ကျင်ဘက် လိင်တို့ ၏ အကူအညီကောင်းရမယ်။ ချစ်သူအသစ်နဲ့ တွေ့ရမည်။ အခွင့်အရေး ရတာမျိုး၊ ရာထူးတိုးတာမျိုး၊ ဂုဏ်ကျက်သရေရှိတာမျိုး ဖြစ်မယ်။ ပညာရေး မှာ ကံကောင်းမယ်။ မိတ်ဆွေတို့၏ ငွေကြေးအကူအညီ ရမယ်။ အရောင်းအ၀ယ်လုပ်ငန်း အကျိုး ပေးမယ်။ ရပြီးသား ငွေ လက်ထဲမမြဲဘဲ အကျိုးမဲ့ ကုန်မယ်။ သူများထံမှ အချောင်ရထားတဲ့ အခွင့်အရေးတွေ လက်လွှတ်ဆုံးရှုံးရတတ်သည်။

စိတ်ပူနေရတဲ့၊ သူများမသိစေချင်သော လျှို့ဝှက်လုပ်ငန်းကိစ္စတခု ပြီးဆုံးသွားလို့ စိတ်ချမ်းသာရမယ်။ လူသိမခံနိုင်သော လျှို့ဝှက်အချစ်ဇတ်လမ်းတပုဒ် ဖြစ်တတ်သည်။ လုပ်ငန်း ခွင်မှာ စကားပြောတတ်လို့ နေရာရမယ်။ အလုပ်အကိုင်ကောင်းသလောက် ငွေဝင်နေပါပြီ။ အထက်လူကြီး၊ အကိုကြီးတို့ရဲ့ မြှောက်စားခြင်းခံရမယ်။ မိတ်ကောင်းဆွေကောင်းနဲ့ တွေ့မယ်။ အကြံအစည်အသစ် ပြုလုပ်ပါကလည်း အောင်မြင်မယ်။

ချစ်သူထံမှ အစစအရာရာ အကူအညီ ရနေမယ်။ ညီ/ညီမငယ်၊ သားသမီး၊ လက်အောက်ငယ်သားတို့က ကိုယ့်စကား နားမထောင်ဘဲ ဒုက္ခပေးသွားလိမ့်မည်။ ကိုယ်ဆီက ပစ္စည်းငှားပြီး လိမ်သွားတတ်သည်။ စိတ်ရှုပ်ထွေးစရာ အတွင်းရန် သတိပြုပါ။

ခြေတောက် အောက်ပိုင်းသေခြင်း၊ ခြေကျိုး၊ ခြေပြတ်၊ သံစူးလို့ လမ်းမလျှောက်နိုင် ခြင်း စသည်ဖြင့် ထိခိုက်မိတတ်သည်။ ဒူး၊ တတောင်၊ အဆစ်အမြစ်ကိုက်ရောဂါနှင့် အစာမကြေရောဂါ ဖြစ်တတ်သည်။

ယတြာ။              ။ ဘုရားတွင် မေမြို့ပန်း ကပ်လှူပူဇော်ပြီး လိုရာဆုတောင်းပါက ရည်မှန်း ချက် ဆုတောင်းပြည့်ပါမည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org