|

လူအများ
မလုပ်ချင်သော အထင်သေးသော လုပ်ငန်းများကို ကိုယ်ကလုပ်ကိုင်ပြီး ၀င်ငွေ၊
စီးပွားရေး ကောင်းမွန်တိုးတက်မည်။ အိမ်၊ နေရာထိုင်ခင်း ပိုင်ဆိုင်မှု
အရှုပ်အရှင်း ဖြေရှင်းရတတ်သည်။ မင်းစိုးရာဇာ အထက်လူကြီးတို့နှင့်
ခင်မင်ရင်းနှီးခွင့် ရရှိပြီး ကူညီစောင့်ရှောက်မှုရရှိမည်။
လုပ်ငန်းခွင်တွင် ရာထူးတက် နေရာကောင်းရမည်။ စိတ်ချမ်းသာ ပျော်ရွှင်
ချမ်းမြေ့မည်။ ကိစ္စနှစ်ခု၊ အလုပ်နှစ်ခုကို အပြိုင်နက်လုပ်ရတတ်ပြီး
ဖြစ်ထွန်းအောင်မြင်မည်။
စီးပွားရေး၊
လူမှုရေး လုပ်ငန်းများတွင် မိတ်ဆွေကောင်းတွေနဲ့ တွေ့ရလို့ လုပ်ငန်းခွင်
အလုပ်မှာ စိတ်ချမ်းသာမယ်။ သြဇာအာဏာရှိသူတို့ရဲ့ ကူညီစောင့်ရှောက်မှု
ခံရမယ်။ ကိုယ်လုပ် ချင်နေတဲ့ အလုပ်တွေကို လုပ်ဖြစ်နေမယ်။ အလုပ်မှာ
ကံကောင်းလို့ ၀င်ငွေတိုးနေမယ်။ တခါတရံ အပြိုင်အဆိုင်၊ ရန်သူတို့နှင့်
တွေ့ရတတ်သော်လည်း နောက်ပိုင်းတွင် စီးပွားရေး၊
အထူးကောင်းမွန်လာလိမ့်မယ်။ အကြံအစည်တွေလည်း အောင်မြင်မည်။
သားသမီး၊
ညီ/ညီမငယ် လက်အောက်ငယ်သားတို့အတွက် စိတ်ညစ်ရမယ်။ အထူး သဖြင့် စာသင်ရတာ
အခက်အခဲကြုံနေမယ်။ သူတို့အတွက် ငွေကုန်ကြေးကျများနေသလောက် စိတ်ညစ်စရာ
သတင်းစကားတွေကိုလည်း ကြားနေရမယ်။ လုပ်ငန်းကြီးတွေကို ဦးဆောင်လုပ်
နေရသလို အလုပ်တွေလည်း အများကြီးလုပ်ဖြစ်မယ်။ ထူးခြားတဲ့
တာဝန်ပေးခြင်းခံရမယ်။ ရာထူးတိုး လစာတိုးသလို စီးပွားရေးမှာလည်း
ကောင်းမယ်။ အလုပ်အကိုင်ပြောင်း၍ လုပ်ကိုင် ခြင်း၊ နေရာဒေသပြောင်း၍
လုပ်ကိုင်ရခြင်း ကြုံရပါကလည်း ပိုမိုဖြစ်ထွန်း အောင်မြင်တတ် သည်။
ယာယီခရီး
မကြာခဏ သွားနေရတတ်သည်။ ပြည်ပခရီးလည်း သွားရတတ်သည်။ ဆန့်ကျင်ဘက်လိင်ရဲ့
စိတ်ဝင်စားမှုခံရမယ်။ ချစ်သူအသစ်ရမယ်။ အိမ်ထောင်ပြုမယ်ဆိုရင် လည်း
ကောင်းတယ်။ အဖိုးတန် လက်ဆောင်ပစ္စည်းကောင်းများ ရရှိတတ်သည်။ ငွေအစုလိုက်
အပုံလိုက်လည်း ရရှိတတ်သည်။ အတူနေမိသားစုတို့ ကျန်းမာရေးချူခြာနေလို့
အလုပ်ပျက် အကိုင်ပျက်ဖြစ်လို့ လုပ်ငန်းထိခိုက်တတ်တယ်။
အိမ်ထောင်ဖက်တို့ ကျန်းမာရေးချို့တဲ့လို့ စိုးရိမ်ပူပင်ရတတ်သည်။
ရင်ဘတ်အအေး ပတ်ခြင်းကဲ့သို့ ရင်ခေါင်းနဲ့ ပတ်သက်တဲ့ရောဂါ ဖြစ်တတ်သည်။
အဆုတ်အအေးပတ်ခြင်းဖြစ်ပါ က ပေါ့ပေါ့ဆဆနဲ့ ဂရုမစိုက်မိပါက
နာတာရှည်ရောဂါဖြစ်တတ်သည်။
ယတြာ။
။
မွေးနေ့တွင်
ဘုရား၌ အောင်သပြေ ၉ ညွန့်ကို အောင်အိုးမြေအိုးတွင် ထည့်၍
ဘုရားပန်းထိုးပြီး လိုရာဆုတောင်းပါက စီးပွားရေး၊ လူမှုရေး
အောင်မြင်မှုများ တဟုန်ထိုး ဖြစ်ထွန်းလာပါလိမ့်မည်။ |