Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

၂၀၀၈၊ မတ်

 

 

ရည်မှန်းချက်ထားသော နိုင်ငံခြားခရီးဝေးကို အောင်မြင်စွာ သွား ရမည်။ ငွေအစုံအပုံလိုက် ရမည်။ ထီပေါက်ကိန်းရှိသည်။ (၁,၄) ဂဏန်းများ အကျိုးပေးမည်။ သို့မဟုတ် အမွေရမည်။ ရွှေနှင့် ယာဉ်စက်ပစ္စည်း ဝင်လိမ့် မည်။ အိမ်ထောင်သည် မိန်းမယောင်္ကျားတို့နှင့် အစွပ်စွဲခံရတတ်သည်။ အထူးသဖြင့် (ယ၊ ရ၊ လ၊ ၀) နှင့် နာမည်ပါသူတို့နှင့် ငြိစွန်းတတ်သည်။ အထင်အမြင် လွဲမှားခံရတတ်သည်။

အိမ်ထောင်ဘက် ချစ်သူက ဦးဆောင်ပြီး လုပ်တဲ့ အလုပ်တွေအားလုံး အောင်မြင်ပြီး ငွေများများ ၀င်မယ်။ စိတ်ထဲမှာ လုပ်ချင်တဲ့ အလုပ်တွေ အများကြီး ဖြစ်နေမယ်။ လက်တွေ့မှာ ရုပ်လုံးဖေါ်လို့မရ ဖြစ်နေမယ်။ လက်အောက်ငယ်သား လူငယ်တို့ကြောင့် အထက်လူကြီးတို့ရဲ့ အထင်အမြင်လွဲမှား ခံရတတ်သည်။ စကားပြောမှားတတ်သဖြင့် စကားပြောဆင်ခြင်ပါ။ အစီအစဉ်မရှိဘဲ ထလုပ်တဲ့လုပ်ငန်း ပျက်မယ်။ အိမ်မြေအတွက် စိတ်ညစ်ရမယ်။ အရောင်း အဝယ်လုပ်ငန်း အရှုံးပေါ်တတ်သဖြင့် ရပ်ဆိုင်းထားသင့်သည်။

အိမ်ထောင်ဖက် ဇနီးမယား၊ လင်၊ ယောင်္ကျားနှင့် ကိုယ့်ဖက်က မိဘဆွေမျိုး အကြီးအကဲ တို့ စကားများရန်ဖြစ်သဖြင့် ကြားညှပ်စိတ်ညစ်ရတတ်သည်။ ငွေအသုံးအစွဲ အကုန်အကျလည်း များနေတတ်တယ်။ ဘာလုပ်ရမှန်းမသိဘဲ ကြောင်နေမယ်။ အချိန်တွေ အကျိုးမဲ့ ကုန်နေမယ်။ ဘယ်လိုအဟန့်အတားတွေကိုတွေ့တွေ့ ကိုယ်က နိုင်နေမယ်။ အခက် အခဲ၊ ခဲယဉ်းသော အလုပ်တွေကို လုပ်နေရလို့ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေပြီး စိတ်ထဲမှာ မပျော်ရွှင်ဘဲ ဖြစ်နေမယ်။ အလုပ်ထဲမှာလည်း ပြိုင်ဘက်ရန်သူ ပေါ်နေမယ်။

ကိုယ်ကျင့်တရားကို သူများက အရှက်ခွဲခံရလို့ သိက္ခာကျမယ်။ အမှုအခင်းကြုံပါက ယာယီ အချုပ်ခံရတတ်သည်။ အလုပ်၊ အိမ်နေရာ အပြောင်းအလဲရှိသည်။ မိန်းမကိစ္စ အစွပ်စွဲ ပြောဆိုခံရပြီး ရန်မူခံရတတ်သည်။ ကလေးမွေးရင် အန္တရာယ်ရှိသည်။ စိတ်ထဲမှာ လေးလံ ထိုင်းမှိုင်းပြီး စိတ်ချမ်းမသာ၊ မပျော်ရွှင် ဖြစ်နေတတ်သည်။

ကျန်းမာရေးချို့တဲ့မယ်။ ၀မ်းလျောဝမ်းပျက် ရောဂါဖြစ်မယ်။ ဆေးနဲ့ ရောဂါ တခြားစီ ဖြစ်နေတတ်တယ်။ အသက်အန္တရာယ် မရှိနိုင်ပေမဲ့ ဝေဒနာကို ခံနေရမယ်။ ဆီးရောဂါ ကြုံတွေ့ရ တတ်သည်။ အပူနာတွေ ပေါက်မယ်။

ယတြာ။              ။ ခြေသည်း၊ လက်သည်းနှင့် ဆံပင်မွှေးတို့ကို စက္ကူဖြူဖြူဖြင့် ထုပ်၍ စီးနေ သော ရေတွင် မျှောပစ်လိုက်ပါက အဆိုးများပျောက်၍ ကောင်းကျိုးများ ရောက်လာပါလိမ့်မည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org