Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

၂၀၀၈၊ မတ်

 

 

အိပ်မက်ကောင်းတွေကိုဖြင့် မက်နေရသလို လက်တွေ့မှာလည်း အခွင့်အရေးတွေ တခုပြီးတခုပေါ်နေသလို ရည်ရွယ်ချက်တွေမှာလည်း အကောင်အထည်ဖေါ်နိုင်လို့ စိတ်ထဲမှာ ပျော်နေမယ်။ စိတ်ထဲကလည်း ဆန္ဒပြင်းပြစွာ ဖြစ်နေသလိုလည်း လုပ်ထားတဲ့ အလုပ်တွေမှာလည်း အကျိုးခံစားခွင့်တွေ ရရှိနေမယ်။ ကိုယ်ခန့်မှန်းထင်ထားသလိုလည်း ငွေများများ ၀င်နေမယ်။ ခရီးသွားလိုသော ဆန္ဒရှိပါကလည်း သွားရေးလာရေး အဆင်ပြေချော မွေ့လို့ ဘေးဥပါဒ်ကင်းမယ်။

မိတ်ဆွေသင်္ဂဟများက ငွေကြေးကူညီမ,စနေသလို အထက်လူကြီးတွေကလည်း ကိုယ့်ကို ကူညီထောက်ပံ့နေလိမ့်မယ်။ အရောင်းအ၀ယ်လုပ်ငန်းများ လုပ်မည်ဆိုပါက အလွန် ကောင်းပါသည်။ လာဘ်ရွှင်သည်။ သူများအမှုတွေကို ကိုယ်က၀င်ပြီး ပါဝင်ဖြေရှင်းပေးရပါက အခက်အခဲကြုံပြီး စိတ်ညစ်စရာတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ငွေလည်း များများဝင်၊ လုပ်တိုင်း ဖြစ်နေလို့လည်း ဘုန်းတန်ခိုးကြီးနေပါလိမ့်မယ်။ အနီးကပ်ရန်သူရဲ့ ချောင်းပြီး ဒုက္ခပေးတာ ခံရ တတ်သော်လည်း၊ ရန်သူကို အောင်မြင်စွာ ကျော်လွှားနိုင်မည်။

လှောင်ထားသော ကုန်ပစ္စည်းများ ပြန်ရောင်းမည်ဆိုပါက အကျိုးအမြတ်ကောင်း ရမယ်။ အကြံအစည်သစ်များ လုပ်ကိုင်ပါကလည်း မိတ်ဆွေအပေါင်းအသင်းတို့၏ အကူအညီ ကောင်းတွေ ရမယ်။ ညီအကိုမောင်နှမတို့၏ အလုပ်အကိုင်၊ စီးပွားရေးအတွက် စိတ်ပူနေရမယ်။ ဝန်ထမ်းများ ရာထူးတိုးမယ်။ လစာတိုးမယ်။ ကြိုးစားသလောက် အကျိုးခံစားခွင့်ရမဲ့ အခွင့်အရေးကောင်းတွေ ကြုံတွေ့နေရမယ်။ ရည်မှန်းချက်တွေ အောင်မြင်လို့ ကံကောင်းနေ မယ်။

ယာဉ်ရထား၊ ကား၊ ဆိုင်ကယ် ၀င်မယ်။ မိသားစုထဲက ခရီးသွားနေတဲ့ သူတွေ ပြန်လာ လိမ့်မယ်။ ရစရာရှိတဲ့ ငွေ၊ ကြွေးဟောင်းများပြန်ရလိမ့်မယ်။ မင်းစိုးရာဇာ အကြီးအကဲတို့နှင့် ခင်မင်ရင်းနှီးခွင့်ရမယ်။ အမှုအခင်းဖြစ်ပါက ကိုယ်က ရန်သူကို အနိုင်ရရှိမယ်။ အလုပ်အကိုင် လုပ်ငန်းတွေမှာ နာမည်ကောင်းရမယ်။ အာဏာရမယ်။

သားသမီးတို့ရဲ့ ကျန်းမာရေး သတိပြုပါ။ အဖေနှင့် အမေတို့၏ ကျန်းမာရေးလည်း ညံ့သည်။ ကျောက်ကပ်ရောဂါ၊ ဆီးရောဂါ ဒုက္ခပေးမည်။      

ယတြာ။              ။ မွေးနေ့တွင် အရှေ့ဘက်အရပ်သို့ မျက်နှာမူပြီး ကျေးငှက်တို့ကို အစာကျွေး ပြီး လိုရာဆုတောင်းပါက ကောင်းကျိုးချမ်းသာများ ရရှိခံစားရပါလိမ့်မည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org