Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

၂၀၀၈၊ မတ်

 

 

အလုပ်အကိုင် မရှိသေးသူများ အလုပ်ရပြီး ရှိပြီးသားသူများ ပို၍ ကောင်းသော အလုပ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ရာထူးတိုး လစာတိုးမည်။ အဖိုးတန်လက်ဆောင်ပစ္စည်း ရရှိတတ်သည်။ ရွှေဝင်မည်။ စက်ဘီး၊ ဆိုင်ကယ်၊ ကား စသည့် ယာဉ်ရထားအသစ် ရရှိမည်။ သူများရဲ့ အမှုအခင်း၊ အရှုပ်အရှင်းကို လိုက်ဖြေရှင်းပေးရင်း ကိုယ်တိုင်ပါဝင်မိလို့ စကားများရန်ဖြစ်ရတတ်သည်။ စိတ်ထဲက ဆန္ဒပြင်းပြနေသော ရည်မှန်းချက် အောင်မြင်မည်။ သွားချင်နေသောခရီး သွားခါနီးမှ အပျက်ပေါ်လာလိမ့်မည်။ ကိစ္စတခုအပေါ် အထင်လွဲခြင်း၊ အစွပ်စွဲခံရခြင်း ဖြစ်တတ်သည်။

စိတ်ကူးနှင့် လက်တွေ့ ကွာဟနေတတ်သည်။ စိတ်ကူးမရှိဘဲ ထလုပ်လိုက်သည့် လုပ်ငန်းများမှ မထင်မှတ်ဘဲ ကြိုးစားသလောက် အကျိုးခံစားခွင့်ရနေမယ်။ စိတ်ကူးယဉ်ပြီး လုပ်နေတဲ့ အလုပ် ပျက်စီးသွားလိမ့်မယ်။ ဟန်ဆောင်ကောင်းသော အနီးကပ် မိတ်ဆွေတဦးက ငွေချေးငှားပြီး ပြန်မပေးဘဲ အလိမ်ခံရတတ်သည်။

ငွေဝင်သလောက်လည်း ငွေကုန်ပေါက်များနေမယ်။ ရင်းနှီးမြုပ်နှံထားသော ငွေများပြန် မပေါ်လို့ ငွေကြေးအကြပ်အတည်း ဖြစ်နေမယ်။ ရစရာရှိသော အကြွေးများလည်း ပြန်မရဖြစ်နေ တတ်သည်။ ထူးခြားတဲ့ တာဝန်ပေးခြင်းခံရမယ်။ အလုပ်တွေအများကြီး လုပ်ဖြစ်မယ်။ ကိုယ်က ဦးဆောင်ပြီး လုပ်ချင်တဲ့ အလုပ်တွေကို လုပ်ဖြစ်နေမယ်။

ချစ်သူရမယ်။  အိမ်ထောင်ပြုလျှင် ကောင်းသည်။ မထင်မှတ်ဘဲ အိမ်ထောင်ကျကိန်း လည်း ရှိသည်။ ကိုယ်ချစ်ခင်လေးစားသော မင်းစိုးရာဇာ၊ အထက်လူကြီးနှင့် ခင်မင်ရင်းနှီးခွင့် ရမယ်။ ပို၍ကောင်းမွန်သော အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ သူများကိစ္စ ကူညီမိလို့ စိတ်ဆင်းရဲ၊ စိတ်ညစ်စရာ ကိစ္စတခု ကြုံရမည်။

ဆေးထိုး ဆေးစားမှားခြင်း၊ အစာအဆိပ်အတောက်ဖြစ်ခြင်းတို့ ဖြစ်တတ်သည်။ အကြောတတ်ခြင်း၊ အာရုံကြောတို့ ဒုက္ခပေးလိမ့်မည်။

ယတြာ။              ။ ကလေးငယ်တို့အား မုန့်ဝေငှခြင်း၊ ခွေး၊ ကြောင်၊ ငှက်တို့အား အစာကျွေး ခြင်းတို့ အစဉ်အမြဲပြုလုပ်ပါက ကောင်းကျိုးချမ်းသာများ ရရှိခံစားရပါလိမ့်မည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org