Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

 

မတ်၊ ၂၀၀၇

 

 

မိမိအလုပ်ကိစ္စကို အထင်အမြင်လွဲ အထင်သေးခံနေရသေးသည်။ လုပ်ထားသည့် အလုပ်တွေကလည်း သဲထဲရေသွန်သလို အရာမထင်သေးဘဲ မျောနေတတ်သည်။ ငွေရေး ကြေးရေးကိစ္စများ အဆင်ပြေသလိုရှိနေသော်လည်း အလုပ်အကိုင်နှစ်ခုကို တပြိုင်နက်တည်း အတူလုပ်ကိုင်နေရ၍ စာရင်းမရှင်းနိုင်အောင်ပင် ရှုပ်ထွေးနေသေးသည်။ ပေးစရာရှိတာကိုတော့ လာတောင်းခံနေရပြီး ရစရာရှိတာတွေကတော့ မရနိုင်သေးဘဲ ဖြစ်နေပါသေးသည်။ အလုပ်အကိုင်ကောင်း၍ ဝင်ငွေကောင်းနေသော်လည်း ထွက်ငွေနှင့် မလောက်ငှဘဲ ဖြစ်နေတတ် သည်။ ဝန်ထမ်းများ အလုပ်အကိုင်စာမေးပွဲ၊ အင်တာဗျူးများ ကျရှုံးမည်။ အချိန်ကာလ အတော်ကြာ ကွဲကွာနေရသော အဖေ၊ အမေ (သို့မဟုတ်) လူကြီးများနှင့် ပြန်လည်ဆုံတွေ့ရပြီး ပြန်လည်၍လည်း ခွဲခွာရတတ်သည်။ ခင်ပွန်း၊ ဇနီး (သို့ မဟုတ်) ချစ်သူ၏ အလုပ်အကိုင်ရရှိခြင်း၊ အိုးသစ်အိမ်သစ်ရရှိခြင်းအတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသည်။ ညီငယ်၊ ညီမငယ် လက်အောက်ငယ်သားများ အချုပ်အနှောင်ခံ အဖမ်းခံရ၍ ပူပင်နေရပြီး မိမိမှ လိုက်လံဖြေရှင်း ဆောင်ရွက်ပေးနေရတတ်သည်။

ဆွေမျိုးများထဲမှ ယောက်ကျားဆန်သော မိန်းမ၊ မိန်းမဆန်သော ယောက်ကျားအတွက် ကျန်းမာရေး ဆေးကုသပေးနေရတတ်သည်။ အချစ်ရေး၊ အိမ်ထောင်ရေးတွင် ယောင်္ကျား အတွက် မိန်းမက ကောင်းနေသော်လည်း မိန်းမအတွက် ယောက်ကျားက မကောင်းဘဲ ဖြစ်နေ တတ်၍ ချစ်သူနှစ်ဦး နားလည်မှု အထင်အမြင်လွဲပြီး လမ်းခွဲ၊ ကွဲကွာတတ်သည်။

မိခင်ရှိပါက ကျန်းမာရေးအညံ့ရှိသည်။ (သို့မဟုတ်) ကြီးတော်၊ ဒေါ်ကြီးတို့၏ နာရေး ကိစ္စ မကောင်းသတင်း ကြားသိရတတ်ပြီး တာဝန်ယူဆောင်ရွက်ပေးရတတ်သည်။ လောလောဆယ် စိတ်ပူပန်ကြောင့်ကျနေမှုများကြောင့် စိတ်မတည်မငြိမ် ဂယောက်ဂယက် ဖြစ်ခြင်း၊ စိတ်ဖိစီးခြင်းများ ဖြစ်တတ်သည်။

 

ယတြာ          ။ စပယ်ပန်း (သို့မဟုတ်) ဇွန်ပန်းကို ဘုရားတွင် ဆပ်ကပ်လှူဒါန်းပြီး အိမ်ရှေ့တွင် အပင်စိုက်ခြင်း၊ ဧည့်ခန်းတွင် ပန်းအိုးထိုးခြင်း ပြုလုပ်ပါက လဘ်လာဘရွှင်၍ အကြံအစည်များ ထမြောက်အောင်မြင်ပါလိမ့်မည်။

 
........................................................................................................................

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org