Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

 

မတ်၊ ၂၀၀၇

 

 

အစိုးရအာဏာပိုင်တို့နှင့် ကာလအတန်ကြာ ထိပ်တိုက်ရင်ဆိုင်နေရသော အမှုကိစ္စများ ပြီးစီးအောင်မြင်မည်။ ကိုယ့်ကိစ္စပြီးပြီဟုဆိုသော်လည်း မိသားစု၊ ဆွေမျိုးသားချင်းများအတွက် စိုးရိမ်ပူပန်နေရသေးသည်။ ကိုယ်ကဦးဆောင်၍ လိုက်လံဖြေရှင်းပေးနေရတတ်သည်။ မဟုတ် မခံချင်စိတ်ကြောင့် လိမ်ညာနေသူ ဆရာသမားတဦးနှင့် စကားများရန်ဖြစ်တတ်သည်။ အတူနေ အိမ်သားများ၊ မိတ်ဆွေအပေါင်းအသင်းများ တနယ်တကျေးသို့ ခွဲခွာသွားရတတ်သည်။ တစုံ တယောက်အား အတွေ့အကြုံခံစားချက်များကို ပြောပြချင်နေသည်။ (သို့မဟုတ်) စာရေပါက လူကြိုက်များသော ဇာတ်လမ်းတပုဒ်ရမည်။ မိမိပတ်ဝန်းကျင်တွင်ရှိသော သူတော်ကောင်းဟု အထင်ရှိနေသူများသည် လူယုတ်မာများဖြစ်နေပြီး လူဆိုးလူမိုက်တို့သည် သူတော်ကောင်းများ ဖြစ်နေသည်ကို တွေ့ကြုံသိရှိနေရ၍ လောကကြီးကို ကန့်လန့်မြင်၊ အရွဲ့တိုက်ချင်နေတတ်သည်။ ဘွဲ့လက်မှတ်တို့ထက် အသက်မွေးဝမ်းကျောင်း အတတ်ပညာရပ်များကို ပို၍ သင်ကြားနေရ တတ်သည်။ အောင်မြင်တတ်မြောက်လွယ်ပြီး၊ အသုံးချနိုင်နေပြီ။ မိတ်ဆွေအပေါင်းအသင်းတို့၏ အကူအညီဖြင့် အလုပ်အကိုင်ရခြင်း၊ အိုးအိမ်အသစ် ရခြင်းတို့ရှိသည်။

တနင်္လာသားသမီးတို့နှင့် အတူတွဲ၍ စီးပွားရေး၊ လူမှုရေးပူးတွဲလုပ်ဆောင်ရမည်။ မိမိအား အကူအညီပေး၊ ကောင်းကျိုးပေးသည်။ သားသမီးရှိလျှင် ကျန်းမာရေးအဆိုးအညံ့ ရှိသည်။ အတူနေ ဗုဒ္ဓဟူးသားသမီးများအတွက် ပူပင်ရသည်။ ယခုလအတွင်း ကံကိုအားကိုး၍မရ ဉာဏ်နှင့်ဝိရိယအကျိုးသာ ခံစားရမည်။ ကောင်းသောခရီး သွားရတတ်သည်။ အ၀တ်အစား၊ အသုံးအဆောင်ပစ္စည်းအသစ် ရမည်။ အလုပ်အကိုင် အောင်မြင်ကောင်းမွန်နေသော်လည်း ငွေကြေးအထွက်များနေသည်။ နှာစေးချောင်းဆိုးရောဂါ အသေးအဖွဲများ မကြာခဏ ဖြစ်တတ် သည်။ ကြီးကြီးမားမားမဖြစ်သော်လည်း မကြာခဏဖြစ်နေ၍ ငွေကုန်အလုပ်ပျက် ဖြစ်နေလိမ့် မည်။ အကျိုးဆောင်လုပ်ငန်း၊ ပွဲစားလုပ်ငန်းများ လုပ်ကိုင်နေရတတ်၍ အကျိုးပေးမည်။ ဇနီး (သို့မဟုတ်) ခင်ပွန်း ချစ်သူထံမှ ငွေကြေးအကူအညီ အထောက်အပံ့ရလိမ့်မည်။ အတူနေ ဆွေမျိုးသားချင်းမိတ်ဆွေတဦး အချုပ်အနှောင်ခံရ ထောင်ကျတတ်သည်။ ရွှေ၊ ငွေ၊ လက်ဝတ် လက်စား အပေါင်ဆုံးတတ်သည်။ လူပျို၊ အပျိုတို့ အိမ်ထောင်ကျတတ်သည်။ ဆန့်ကျင်ဘက်လိင် ကြာသပတေးသားသမီးထံမှ ကူညီစောင့်ရှောက်မှုရရှိတတ်သည်။ ညီငယ် ညီမငယ် လက်အောက်ငယ်သားတဦး ကျန်းမာရေးဆိုးဝါး၍ ဆုံးပါးတတ်သည်။ ဆန်၊ ဆီ၊ ဆား၊ ဆေး …. အရောင်းအ၀ယ် ရှုံးတတ်သည်။ မိမိအသုံးပြုနေသော စက်ပစ္စည်းများ ပျက်၍ စိတ်ညစ်နေရ တတ်သည်။

ဒူး၊ တတောင်ဆစ်စသည့် အဆစ်အမြစ်ကိုက်ခဲသည့် ရောဂါဝေဒနာ ခံစားရမည်။ လေးဘက်နာရောဂါကဲ့သို့ ဖြစ်တတ်သည်။ (သို့မဟုတ်) ခြေကျိုးလက်ကျိုး စသဖြင့် အရိုးကျိုး တတ်သည်။

 

ယတြာ။          ။ ဘုရားတွင် ဖယောင်းတိုင် (၁၁)တိုင် ကပ်လှူပူဇော်ပါ။ ဖြစ်နိုင်လျှင် ရှားမီး (၁၁)တိုင် ထွန်းညှိပူဇော်ပါ။ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအား ဆန်ပြုတ်တိုက်ကျွေး အလှူပေးပါ။ ကောင်းကျိုးချမ်းသာ ရရှိပါလိမ့်မည်။

 
........................................................................................................................

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org