Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

 

မတ်လ၊ ၂၀၀၇

 

 

စစ်ဘက်ဆိုင်ရာကိစ္စ (သို့မဟုတ်) စက်မှုလက်မှုအတတ်ပညာများကို လျှို့ဝှက်စွာ ဆည်းပူးလေ့လာတတ်မြောက်ရတတ်သည်။ အတတ်ပညာတခုကို စိတ်ရောကိုယ်ပါ နစ်မြှုပ် ထားနေရ၍ အတူနေမိသားစု၏ အထင်သေး၊ အထင်လွဲခံရတတ်သည်။ ညီငယ်၊ ညီမငယ် (သို့မဟုတ်) သားသမီးတဦး အိမ်မှထွက်ပြေးလိမ့်မည်။ သို့မဟုတ် ခရီးဝေးကို အချိန်ကာလ အတော်ကြာခွဲခွာ၍ သွားရတတ်သည်။ မိမိနှင့်အတူတူလုပ်ဖေါ်ကိုင်ဖက် သူငယ်ချင်းမှ အစိုးရ၊ အာဏာပိုင်၊ အထက်လူကြီးသို့ မလိုတမာ ဂုံးချောတိုင်ကြားခြင်း ခံရတတ်သည်။ ဤကာလ အတွင်း ထီဆုကြီးပေါက်တတ်သည်၊ သို့မဟုတ် အမွေရတတ်သည်၊ သို့မဟုတ် ငွေတလုံးတခဲ တည်း ရတတ်သည်။

အချစ်ရေးတွင် စိတ်မတည်မငြိမ် စိတ်နှစ်ခွဖြစ်နေပြီး အချစ်ဟောင်းကို စိတ်ကုန်၍ အချစ်သစ်ကို ရှာဖွေသာယာနေတတ်သည်။ အပျို၊ လူပျိုတို့ ချစ်သူရည်းစားချင်းကွဲ၍ နောက်တယောက်ပြောင်းရတတ်သည်။ အိမ်ထောင်သည်များ အိမ်ထောင်ရေးအဆင်မပြေ၍ နောက်မီးလင်းသည့်ကိစ္စများ ဖြစ်တတ်သည်ကို ဆင်ခြင်သတိထားပါ။ လင်မယားချင်းလည်း မကြာခဏ တကျက်ကျက် စကားများရန်ဖြစ်၍ လာဘ်ပိတ်တတ်သည်။ အလုပ်အကိုင်မကောင်း ၍ ငွေကြေးအဆင်မပြေသော်လည်း ကုသိုလ်ကံဇာတာတက်၍ မိမိအား ကူညီစောင့်ရှောက်မည့် သူ ပေါ်လာတတ်သည်။ မိဘနှစ်ပါးစလုံး ကျန်းမာရေး အညံ့ရှိသည်၊ နာရေးကိစ္စဖြစ်သည်အထိ ကြုံတွေ့ရတတ်သည်။ ယခုလအတွင်း မိမိအတွက် ဗုဒ္ဓဟူးနှင့် စနေသားသမီးများ ကောင်းကျိုး ပေး၍ စီးပွားရေး၊ လူမှုရေးများ ပူးတွဲလုပ်ကိုင်ဆောင်ရွက်ပါက ကောင်းပါသည်။ တနင်္ဂနွေနှင့် တနလာင်္သားသမီးများ ဒုက္ခပေးတတ်၍ လုပ်ငန်းများကို ရှောင်ရှား၍ လုပ်ကိုင်ဆောင်ရွက် သင့်သည်။ ယခင်ကထက်ပို၍ အဆင့်အတန်းမြင့်မြင့်တွင် နေထိုင်ရ၊ အဝတ်အစားများ တောက်တောက်ပြောင်ပြောင် အသစ်ဝတ်ဆင်ရတတ်သည်။

ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ထိမိခိုက်မိဆောင့်မိ၍လည်း ဦးခေါင်းတွင် ဒဏ်ရာ ရရှိတတ်သည်။ ကားအက်ဆီးဒင့်ကဲ့သို့ မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိတတ်သည်။

 

ယတြာ။          ။ ကျေးငှက်၊ ခို (သို့မဟုတ်) ငါးကို ဘေးမဲ့လွှတ်ပါ။ ငါး၊ ခို အစာကျွေးပါ။ မိသားစု ပျော်ပျော်ရွှင်ရွှင်ဖြင့် လုပ်ငန်းအကြံအစည် အောင်မြင်၍ စီးပွားရေး တိုးတက်ပါမည်။ ပုတီးစိတ်၊ တရားထိုင်ခြင်း စသည့် ဘာသာရေးကိစ္စများကိုလည်း မကြာခဏ လုပ်ကိုင်ဆောင်ရွက်ပေးပါ။

 
........................................................................................................................

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org