Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 
 

မတ်၊ ၂၀၀၇

 

 

သဲထဲရေသွန်ဖြစ်ခဲ့ရသည့် ကိစ္စရပ်များကို ယခုကာလမှာ အကျိုးခံစားခွင့်များ ပြန်လည် ရရှိမည်။ အရှုံးပေါ်၍ လှောင်ထားသည့် ကုန်ပစ္စည်းများ အမြတ်ပင်ထပ်ရနေဦးမည်။ ကြုံတွေ့ ခံစားနေရသော ကုသိုလ်ကံအတက်အကျကို သံဝေဂတရားရ၍ အေးအေးချမ်းချမ်းနေချင်သည့် စိတ်ဆန္ဒများ ပြင်းပြနေမည။ ကုသိုလ်ကံ အတက်အကျရှိသည်ဟုဆိုသော်လည်း အကောင်း ဘက် ပိုများပါသည်။ ဘုရားကိုးဆူကပ်ရခြင်း၊ ဘုရားအနေကဇာတင်ရခြင်း စသည့် ဘာသာရေး အလှူအတန်းကိစ္စများ လုပ်ကိုင်ရတတ်သည်။ ဤတလအတွင်း ရေလုပ်ငန်းများနှင့် ရေခြား မြေခြားကိစ္စရပ်များ အကျိုးပေးဖြစ်ထွန်းသည်။ လုပ်ငန်းအောင်မြင်မှုများသည် မိမိအား အတိုက် အခံ အတင်းပြောနေသူများကပင် အသိအမှတ်ပြုလာရသည်။ ဂုဏ်သိက္ခာအတွက် သူများ အပြောခံရမည်ကို စိုးရိမ်၍ အနေအထိုင် အပြောအဆိုဆင်ခြင်နေရ၍ စိတ်ပင်ပန်း မွန်းကြပ်နေ မည်။ ခေါက်တိုခရီးများ မကြာခဏ သွားနေရတတ်သည်။ အရှေ့မြောက်အရပ်မှ ဧည့်သည်များ မိမိထံသို့ ရောက်လာပြီး အကူအညီပေးမည်။ မိဘဆရာသမား အထက်လူကြီးများ၏ ဂုဏ်ပြု ချီးကျူးခြင်း ခံနေရသော်လည်း ညီငယ်၊ ညီမငယ်၊ သားသမီး လက်အောက်ငယ်သားတို့၏ အထင်အမြင်လွဲ အပြစ်တင်ခြင်း ခံရတတ်သည်။

သို့သော် ဇနီး၊ ခင်ပွန်း (သို့မဟုတ်) ချစ်သူနှင့် အတူ (၂) ဦးတွဲ၍ ဘုရားသွားကျောင်း တက် ဘာသာရေးပွဲများများ လုပ်ပါ။ လူမှုရေး၊ စီးပွားရေးမှအစ အစစရာရာ အောင်မြင်ကျော် ကြား လူသိများလာမည်။ ရုပ်ရှင်မင်းသား၊ မင်းသမီးများ၊ ဗေဒင်ဆရာ၊ ကျောင်းဆရာတို့အတွက် စုတ်ဝင်လာဘ်ဝင်မည့်ကာလ ဖြစ်သည်။ အနောက်နိုင်ငံလူမျိုးခြားသားတို့နှင့် တွဲ၍ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရတတ်မည်။

ဤလအတွင်း စနေသားသမီး (တ၊ ထ၊ ဒ၊ ဓ၊ န) နာမည်ပါသူများနှင့်တွဲ၍ စီးပွားရေး၊ လူမှုရေးလုပ်ကိုင်၍ မကောင်းပါ။ အညံ့ရှိ၍ အရှုံး ပေါ်မည်။ ကြာသပတေးသားသမီး (ပ၊ ဖ၊ ဗ၊ ဘ၊ မ) နာမည်ပါသူများနှင့် အထူးအကျိုးပေးသော ကာလဖြစ်သည်။ လူပျို၊ အပျိုများ အိမ်ထောင်ဖက်အနေဖြင့် ရွေးချယ်နိုင်လျှင် ပိုကောင်းပါသည်။ အပြန်အလှန် အကျိုးပြုသည်။ ယခုလအတွင်း စစ်ဘက်ဆိုင်ရာ၊ စက်မှုလက်မှုလုပ်ငန်း၊ စက်ပစ္စည်း အကျိုးမပေးသေးပါ။ စက်ပစ္စည်းများ မကြာခဏ ပျက်တတ်၍လည်း ငွေကုန်လူပင်ပန်း ဖြစ်တတ်သေးသည်။ အစိုးရအာဏာပိုင်တို့နှင့် တွဲဖက်၍ ပညာရေးလုပ်ငန်းများ အတူလုပ်ကိုင် ဆောင်ရွက်ရမည်။ ပညာရေး၊ စာသင်ကျောင်းတခု တည်ထောင်ရတတ်သည်။ (သို့မဟုတ်) ကူညီဆောင်ရွက်ပေးရတတ်သည်။

ကျန်းမာရေးအနေဖြင့် ဆေးထိုး၊ ဆေးသောက်၊ ဆေးမှား ခြင်း၊ အစားမှား၍ အစာ အဆိပ်သင့်ခြင်းတို့ ဖြစ်တတ်သည်။ အသက်ကိုဉာဏ်စောင့်သည်ဆိုသကဲ့သို့ အနေအထိုင် အစားအသောက်ကြောင့် ကျန်းမာရေးဆိုးဝါးစွာ ထိခိုက်တတ်သည်ကို သတိပြုပါ။

 

ယတြာ။          ။ အုန်းညွန့် (၃) ညွန့်၊ သောက်တော်ရေ (၉)ခွက်၊ ကောက်ညှင်းပေါင်းနှင့် အုန်းသီးကို ဆွမ်းတော်ကပ်၍ လိုရာဆုတောင်းပါ။ အခြားသူများကိုလည်း ကောက်ညှင်းပေါင်းနှင့် အုန်းသီးအလှူပေး ကျွေးမွေးပါ။ လူချစ်လူခင်ပေါများ၍ စီးပွားရေး၊ လူမှုရေးအောင်မြင်မှုရပါမည်။

 

........................................................................................................................

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org