|
အပျို၊
လူပျိုတို့ အိမ်ထောင်ကျကိန်းရှိသည်။ အိမ်ထောင်သည်များ
လူမှုရေးအရှုပ်အရှင်း ပြဿနာများ ဖြစ်တတ်၍ အထူးဆင်ခြင်စေလိုသည်။
သို့မဟုတ်ပါက ရုံးရောက်ဂါတ်ရောက်ဖြင့် အရှက်တကွဲများ ဖြစ်တတ်သည်။
အလုပ်အကိုင်၊ လုပ်ငန်းများ အပြောင်းအရွှေ့မရှိ တည်ငြိမ် အေးချမ်းနေမည်။
အိုးအိမ်များ မီးလောင်ခြင်း၊ ရောင်းပစ်ခြင်း၊ အပြောင်းအရွှေ့
ခံရခြင်းတို့ ဖြစ်တတ်သည်။ ဘဝတိုးတက် အဆင့်မြင့်ဖို့အတွက်တော့
အရှေ့တောင်အရပ်သို့ ခရီးဝေးသွားရ တတ်သည်။ ခရီးဝေးနှစ်ကြိမ်
သွားရမည်ဖြစ်ရာ မိသားစုဆွေမျိုးတို့၏ နာရေးကိစ္စအတွက် တကြိမ်သွား
ရတတ်သည်။ ဖခင်၏ကျန်းမာရေးလည်း အညံ့ရှိသည်။ ညီငယ်၊ ညီမငယ်
လက်အောက်ငယ်သားတို့၏ ပညာရေး ကောင်းမွန်မှုကြောင့် မိမိတွင်လည်း
နာမည်ဂုဏ်သတင်း တက်မည်။ လူသိများမျက်နှာပွင့်မည်။ သူတို့အတွက် ရွှေ၊ ငွေ
လက်ဆောင်ပစ္စည်းများ ရတတ် သည်။ ကလေးများ ကျန်းမာရေးညံ့နေ၍
ဂရုစိုက်သင့်သည်။
ထီပေါက်ကိန်းရှိသည်။ အစိုးရ၊ အာဏာပိုင်၊ အထက်လူကြီးတို့၏
ကူညီစောင့်ရှောက်မှု ရမည်။ မိသားစုအမွေဆိုင် မြေနှင့် အိမ်ရောင်းရသည့်
သတင်းကြားရတတ်သည်။ ဤကာလအတွင်း စီးပွားရေး၊ ငွေကြေး၊ ကုသိုလ်ကံ
အလွန်ကောင်းနေတတ်သည်။ လုပ်ငန်းများ လည်း တခုပြီးတခု အဆင်ပြေ၍
ငွေဝင်နေလိမ့်မည်။ မိမိကိုယ်တိုင် ကိုင်တွယ်သုံးစွဲနေသော
စက်ပစ္စည်းများပျက် တတ်သည်။ ဆန့်ကျင်ဘက်လိင် ဗုဒ္ဓဟူးသားသမီးများနှင့်
တွဲ၍ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ရတတ်သည်။ အထူးသဖြင့်
ပညာရေး၊ ကျန်းမာရေး၊ သာရေးနာ ရေးအသင်းအဖွဲ့များအတွက် အတူတကွ
လုပ်ကိုင်ရပြီး ဂုဏ်သိက္ခာနာမည် သတင်းကောင်း ရမည်။ စေတနာထား၍
သူများအမှုအခင်းကိစ္စများကို လိုက်၍ အာမခံမလုပ်ပါနှင့်။ မိမိပါရောပြီး
နာမည်ပျက် သိက္ခာကျတတ်သည်။ “အ” အက္ခရာအသံထွက်ပါသော တနင်္ဂနွေသားသမီးတဦးမှ
မိမိအား အယုံသွင်းကာ ငွေကြေး၊ ဥစ္စာပစ္စည်း အလိမ်ခံရတတ်သည်။
ရောဂါကြီးကြီးမားမား မဖြစ်တတ်သော်လည်း လေထိုးလေအောင့်ရောဂါ မကြာခဏ
ဖြစ်နေတတ်သောကြောင့် အလုပ်ပျက်အကိုင်ပျက်ဖြစ်၍ စိတ်ညစ်နေရတတ်သည်။
ဦးခေါင်းကို ထိခိုက်မိ၍ သွေးထွက်သံယို ဖြစ်တတ်သည်။ အာရုံကြောများ
ထိခိုက်ပျက်စီးခြင်း၊ လေဖြတ်ခြင်း တို့ ဖြစ်တတ်သည်။
ယတြာ။
။ မိမိပိုင် ဦးထုပ်အဟောင်း (သို့မဟုတ်) အင်္ကျီအဟောင်းတထည်ကို မရှိဆင်းရဲ
သူ တခြားတယောက်သို့ ပေးလှူလိုက်ပါ။ အဆိုးများပျောက်၍ အကောင်းများ
ရောက်ရှိလာပါ လိမ့်မည်။ |