Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

 

မတ်၊ ၂၀၀၇

 

 

             လောဘကြောင့်ပဲဖြစ်ဖြစ်၊ လိုအပ်ချက် ၀ါသနာအရပဲဖြစ်ဖြစ်၊ ငွေနောက်လိုက်နေရတာ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေမှုကို ဆင်ခြင်မိတတ်သည်။ ကိုယ်တယောက်တည်း ငွေရှာသည့် နေရာတွင် မသိသာသော်လည်း အများနှင့်စုပေါင်း၍ စပ်တူလုပ်ငန်းများတွင် ပို၍ပင်ပန်းသည်။ အထင်သေး၊ အထင်လွဲ၊ အစွပ်စွဲကလည်း ခံလိုက်ရသေးသည်။ အစိုးရအာဏာပိုင်၊ အထက် လူကြီးတို့နှင့် မသင့်မြတ်၍ မကြာမဏ စကားများရန်ဖြစ်နေရတတ်သည်။ ချစ်သူနှင့်လည်း အချစ်ရေး သ၀န်တိုမှုကြောင့် စိတ်မချနိုင်၊ စိတ်ညစ်နေရတတ်သည်။ အနှစ်နှစ်အလလက ချစ်သူ နှင့် နှစ်ဦးသဘောတူ အိမ်မက်ဇာတ်လမ်းများသည် ဘေးပတ်ဝန်းကျင်ပယောဂကြောင့် စိတ် မချမ်းသာ အနှောင့်အယှက်ဖြစ် ပျက်စီးတတ်သည်။ အချစ်ရေးတွင် အပြိုင်အဆိုင် ရှိနေသည်ဟု ခံစားနေရတတ်သည်။ မိမိလောက် စီးပွားရေးအဆင်မပြေသူ မိတ်ဆွေတဦးက မိမိထက်ပို၍ အသုံးစွဲကြီး၊ ဟန်တလုံးလုပ်နေမှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်မိပြီး မိမိထံသို့ မကြာခဏ ငွေချေးနေ၍လည်း စိတ်ပျက်မိသည်။ အကူအညီမပေး၍ မကောင်းတတ်သော အပြန်အလှန် အကျိုးကျေးဇူးရှိသော မိတ်ဆွေဟောင်းဖြစ်နေ၍လည်း ဆက်လက်ကူညီနေရတတ်သည်။ ၄င်းတို့အတွက်လည်း အားမလိုအားမရဖြစ်၍ စိတ်အနှောက်အယှက် ဖြစ်တတ်သည်။

             စီးပွားရေး ငွေကြေးကို မိမိအဖို့ လွယ်ကူစွာ ရှာဖွေရရှိတတ်သော်လည်း မိမိပတ်ဝန်း ကျင်သို့ အဆက်မပြတ် ကူညီနေရတတ်၍ ငွေအမြဲလိုနေတတ်သည်။ အထူးသဖြင့် မိမိ တယောက်တည်း ပိုင်ဆိုင်လုပ်ကိုင်ရသည့် စီးပွားရေးလုပ်ငန်းမှာ မထင်မှတ်ဘဲ ငွေကြေး အမြောက်အများ ရရှိတတ်သည်။ တနည်းအားဖြင့် အမွေရတတ်ခြင်း၊ ထီပေါက်တတ်ခြင်းတို့ ဖြစ်နိုင်သည်။ လူပျို၊ အပျိုတို့မထင်မှတ်ဘဲ အိမ်ထောင်ကျတတ်သည်။ စာရင်းဇယားတွင် ငွေကြေးအမြတ်အစွန်းများ ရှိနေတတ်သော်လည်း လက်တွေ့တွင် လက်ငင်းငွေသားမရှိ၍ ကောက်သင်းကောက်သလို လိုက်စုနေရသောကြောင့် သူများထက် ၂ ဆ ပင်ပန်းနေရတတ် သည်။ ရောင်းမှားဝယ်မှားဖြစ်၍ အမှုအခင်းဖြစ် ရင်ဆိုင်ရတတ်သည်။ မိတ်ဆွေချင်း ငြင်းခုန် ရန်ဖြစ်၍ သွေးထွက်သံယိုဖြစ်တတ်သည်။ သတိထားဂရုပြုပါ။

               ခရီးသွားရင်း စီးပွားဘက် မိတ်ဆွေအသစ် ရတတ်သည်။ (သို့မဟုတ်) ချစ်သူအသစ် ရတတ်သည်။ မြောက်အရပ်မှလာသူ အမျိုသမီးတဦး၏ ကူညီထောက်ပံ့မှုရမည်။ အိမ်ထောင် သည်များ သားယောင်္ကျားလေး မွေးဖွားမည်။ (သို့မဟုတ်) မွေးစားသကဲ့သို့ ကူညီထောက်ပံ့မှုများ ပြုလုပ်ရမည်။ ယောင်္ကျားလျာ၊ မိန်းမလျာ ပုန်းလိင်ရှိသူတို့ကို သတိထား၍ ဆက်ဆံပါ။ ငွေအလိမ် ခံရတတ်သည်။ မိမိအိမ်သို့ ဘုန်းတော်ကြီးတပါး ကြွရောက်လာခြင်း (သို့မဟုတ်) သူတော်စင် တပါး ကြွရောက်လာပါက ထီထိုးပါ၊ ထီဆုကြီးပေါက်တတ်သည်။ ငွေတလုံးတခဲတည်း ရရှိတတ် သည်။ အိမ်မက်ထဲတွင်သော်၎င်း မြင်မက်ပါကလည်း ထီထိုးပါ။ မရှိဆင်းရဲသားများအား အစား အသောက် ကျွေးမွေးခြင်း၊ အ၀တ်အထည်ပေးခြင်များ ပြုလုပ်ပါက ငွေ နောက်ထပ်တကြိမ် ထပ်မံ ရရှိတတ်သည်။

              ခေါင်းမူးခေါင်းကိုက်ခြင်းနှင့် နှလုံးရောဂါဖြစ်တတ်သည်။ ဦးနှောက်သွေးကြောပေါက်၊ လေဖြတ်၊ လေငန်းဆွဲ ရောဂါရတတ်သည်။

 

ယတြာ          တနင်္လာဂြိုလ်မင်းနှင့်တကွ တနင်္လာနေ့ဖွား သူတော်စင်အပေါင်းတို့အား မေတ္တာပို့ အမျှပေးဝေပြီး  “သမ္မာသံဗုဒ္ဓာဂုဏ်တော်” (၉)ပတ်ကို (၃)ရက်ဆက်တိုက် ပုထီးစိတ်ပါ။ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တို့အား တွေ့ရှိရတတ်ပြီး ၎င်းအစောင့်အရှောက်ဖြင့် စီးပွားရေး၊ လူမှုရေး ထူးထူးခြားခြား အောင်မြင်မှုရပါလိမ့်မည်။ ကျေးငှက်၊ ခို အစာကျွေးပါ။ ငွေကြေးတလုံးတခဲ တည်း များများရတတ်သည်။

 
........................................................................................................................

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org