Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

 

မတ်၊ ၂၀၀၇

 

 

ယခင်ကလို ဂုဏ်ပကာသနအတွက် သားသားနားနား သေသေသပ်သပ် နေလိုစိတ်မရှိ။ ခရီးဝေး၊ ခရီးရှည်သွားရမှာကိုပင် စိတ်ကုန်နေတတ်သည်။ ယခင်က ခက်ခက်ခဲခဲဟု ထင်ထား သည့် အလုပ်ကိစ္စများသည် ယခုအခါ မိမိအတွက် အသေးအဖွဲကိစ္စ အလွန်ပင် လွယ်ကူနေတတ် သည်။ ယခင်က မဖြေရှင်းနိုင်ခဲ့သော ပြသနာများကိုလည်း ယခုအခါတွင် လွယ်လွယ်ကူကူနှင့် အောင်မြင်စွာ ဖြေရှင်းနိုင်သည့်အတွက် ပတ်ဝန်းကျင်၏ အထင်ကြီးလေးစားခြင်း ခံရတတ်သည်။ မိမိကိုယ်တိုင်ပင် အလုပ်များကို စိတ်မဝင်စား စိတ်မပါသလို ဖြစ်နေသော်လည်း အများနှင့် ဆိုင်သော လုပ်ငန်းများကို မိမိကဦးဆောင်၍ မဖြစ်မနေ လုပ်ကိုင်နေရသေးသည်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းများတွင် ရေရှည်စနစ်တကျ စီပွားရေးများကို မလုပ်ကိုင်နိုင်ဘဲ လောင်းကစား ဆန်ဆန်ဖြင့် ပေါ်ပင်စီးပွားရေးများကို လုပ်ကိုင်နေရ၍ အလွန်စီးပွားဖြစ် အကျိုးပေးနေတတ် သည်။ ငွေရှာရတာ အလွန်လွယ်ကူလျှင်မြန်နေသလောက် လုပ်ငန်းများအတွက် အကုန်အကျ ကလည်း ယခင်ကနှင့်မတူ အလွန်များပြားနေတတ်သည်။ အိုးအိမ်အသစ်၊ အလုပ်အကိုင် အသစ်နှင့် စက်ပစ္စည်းအသစ်များ ရရှိလိမ့်မည်။ လုပ်ငန်းအတော်များများတွင်လည်း ကိုယ့်ခြေ ကိုယ့်လက်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေရတတ်သည်။ ကံ၊ဥာဏ်၊ဝိရိယအကျိုးပေးနေ၍ လုပ်တိုင်းဖြစ်နေတတ်သည်။

အလုပ်လောဘကြီးကာ အိပ်မမှန်၊ အစားမမှန်ဖြစ်၍ ကျန်းမာရေးထိခိုက်တတ်သည်။ ဘဝတိုးတက်ရာလမ်းကြောင်းကို မြင်နေရသေည်လည်း လက်တွေ့တွင် ဖြတ်သန်းရမည့် အခက်အခဲများအတွက် မဝံ့မရဲ မပြတ်မသား ဖြစ်နေတတ်သည်။ မိမိနှင့်အတူလက်တွဲ၍ လုပ်ကိုင် နေသူများအပေါ် အားမလိုအားမရ ဖြစ်နေတတ်သည်။ နေရာတကာတွင်လည်း မိမိဖာသာ လုပ်နေရ၍လည်း ပို၍ အလုပ်ပင်ပန်းသည်။ သူများတွေ အလုပ်လက်မဲ့ဖြစ်နေချိန်တွင် ကိုယ့်မှာ အလုပ်အကိုင်ပေါများလွန်းသဖြင့် အလုပ်ပိနေတတ်သည်။

အတူနေမိသားစုတွင်လည်း ကျန်းမာရေး တယောက်ပြီးတယောက် ဖြစ်နေတတ်၍ ငွေကုန်လူပင်ပန်း ဖြစ်တတ်သည်။ မိမိတွင်လည်း အစာအိမ်ရောဂါ၊ ဝမ်းဗိုက်နှင့်ပတ်သက်သော ရောဂါ ဖြစ်တတ်ပြီး ခွဲစိတ်ရသည်အထိ ဖြစ်တတ်သည်။

 

ယတြာ။          ။ မွေးနေ့များတွင် ဗုဒ္ဓမြတ်စွာဘုရားကို ရေသပ္ပါယ်ခြင်း၊ သောက်တော်ရေခွက် သက်စေ့ ကပ်လှူပူဇော်ခြင်းအားဖြင့် လူမှုရေး၊ စီးပွားရေးတို့ တိုးတက်ကောင်းမွန်လာပါလိမ့်မည်။

 
........................................................................................................................

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org