|

ဆွေမျိုးများနဲ့ ငွေကြေးကိစ္စများ
ချေးငှားမလုပ်ပါနဲ့။ အစွပ်စွဲခံရပြီး ဆုံးပါးတတ်သည်။ ပတ်သက်သူ
လူကြီးများက ကိုယ်ဘက်ကမပါဘဲ ဖြစ်လိမ့်မယ်။ မိတ်ဆွေအချင်းချင်း
စိတ်ဝမ်းကွဲမည်။ သူများစကား နားထောင်ပြီး ကိုယ့်ကို ရန်မူလိမ့်မည်။
အိမ်မြေကြောင့် စိတ်ညစ်ရမည်။ အမေရှိက
ကျန်းမာရေးချို့တဲ့မည်။ အိမ်နီးနားချင်းနဲ့ စကားများရမည်။
အခြေအနေမတူတဲ့ သူတွေက စော်ကားမည်၊ ရန်ရှာခံရမည်။ ဒါကြောင့်
စိတ်ဆင်းရဲရမည်။ သို့သော် မွန်မြတ်သောအလှူ လှူရမည်။ မိတ်ဆွေသစ်တွေ့မည်။
အကျိုးပေးမည်။ အိမ်သုံးပစ္စည်းများ လက်ဆောင်ရမည်။ ရပ်ဝေးမှ အမျိုးများက
အကူအညီ တောင်းလိမ့်မယ်။ ပညာရှိ သူတော်ကောင်တို့နှင့် မိတ်ဆွေဖြစ်ရမည်။
ဝန်ထမ်းများ ရာထူးတိုးမည်။ အခွင့်အရေးကောင်းတွေ
ရမည်။ သားသမီးများက ဒုက္ခပေးမည်။ စိတ်ညစ်စရာတွေကို
ဖြေရှင်းအောင်မြင်မဘ်။ ဆုံးပြီဟု ထင်မှတ်ထားသော ကြွေးမြီဟောင်းများ
ပြန်လည်ရတတ်သည်။ အဝေးအရပ်က လာဘ်ရတတ်သည်။ နိုင်ငံခြားသားများနှင့်
အလုပ်တွဲ၍ လုပ်သော အလုပ်အကိုင်များ ဖြစ်ထွန်းအောင်မြင်မည်။
နိုင်ငံရပ်ခြားသို့ ပညာတော်သင်ကဲ့သို့ ကောင်းသော ခရီးဝေးသွားရမည်။
ချစ်သူ အသစ်တွေ့မည်။ လူပျို၊ အပျိုများ
မုဆိုးဖို၊ မုဆိုးမတို့နှင့်သော်လည်းကောင်း၊ အိမ်ထောင်
သည်များနှင့်သော်လည်းကောင်း ညားတတ်သည်ကို သတိပြုရှောင်ကျဉ်ပါ။
ဝမ်းဗိုက်အောင့်ခြင်း၊ လေထိုးလေအောင့်ရောဂါများ မကြာခဏ ဖြစ်တတ်သည်။
အထူးသဖြင့် အစားအသောက်၊ အနေအထိုင် ဆင်ခြင်ရမည်။
ယတြာ။
။
ဘုန်းတော်ကြီးကျောင်းသို့ ယပ်တောင်လှူပါ။ စိတ်ချမ်းသာကိုယ်ချမ်းသာ
ဖြင့် အတိုက်အခံများကို အောင်နိုင်ပါမည်။ |