|

ငွေစုလို့
ရမည်။ သူများက ကူညီမည်။ အလုပ်သစ် အကိုင်သစ်များ လုပ်ဖြစ်မည်။ အတိုက်အခံ
တွေ့မည်။ ကံကောင်းနေသည်။ ထီထိုး၍ ကံစမ်းပါ။ အလုပ်အကိုင်အကြံအစည်တွေ
အောင်မြင်လိမ့်မည်။ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေ အဆင်ပြေမည်။
ဝင်ငွေရွှင်နေမည်။
အိမ်ပြောင်း၊ နေရာပြောင်းရွှေ့ရမည်။ ထီပေါက်မည်။ အဖိုးတန်ပစ္စည်း များ
ဝယ်ဖြစ်လိမ့်မည်။ ရှယ်ယာလုပ်ငန်း သတိပြုပါ။ သားမယားနဲ့ ပတ်သက်တဲ့ငွေ
ဝင်မည်။ လုပ်ငန်းအဆင်ပြေမည်။ စိတ်ကူးယဉ်ထားတာကို အတော်အတန်
အကောင်အထည်ဖေါ်လို့ရမည်။ ငွေဝင်နေသော်လည်း အကြောင်းအမျိုးမျိုးဖြင့်
ပြန်ထွက်နေ တတ်သည်။
ပြောမှားဆိုမှားဖြစ်မည်။ ပူစရာမလိုပါ။ အေးအေးချမ်းချမ်း နေလိုသော်လည်း
မိသားစု၏ ဖိအား ပေးမှုကြောင့် အလုပ်နှင့်လက်မပြတ် လုပ်ကိုင်နေရမည်။
လုပ်သလောက်လဲ စီးပွားရေး၊ လူမှုရေး အောင်မြင်မှုများ ရှိနေမည်။ နဂိုက
မိမိအား အထင်အမြင်သေးသူများပင် အထင်ကြီးလာမည်။
မိဘ၊
ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်းတို့၏ မင်္ဂလာသတင်းကောင်းများ
ကြားရမည်။ စက်မှု လက်မှုအတတ်ပညာများ သင်ကြားတတ်မြောက်မည်။
စစ်ဘက်ဆိုင်ရာကိစ္စများ လုပ်ကိုင် ဆောင်ရွက်ရတတ်သည်။ အအေးမိခြင်း၊
အကြောဆွဲခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်တတ်၍ အထူးဂရုစိုက်သင့်သည်။
ယတြာ။
။
ချောင်းထဲ၊
ရေထဲသို့ မီးဖေါင်မျှောပေးပါ။ (သို့မဟုတ်) လှေငယ်တစင်းပေါ် တွင်
မီးပူဇော်ပါ။ ၀င်ငွေများ တသဲသဲဝင်လာမည်။ |