|

အိုးအိမ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာနဲ့ အညင်းအခုံ စကားများရမည်။ အလုပ်မှာ
ပြိုင်ဖက်ကြုံမည်။ ရန်သူ ကြောင့် သြဇာမှေးမှိန်မည်။ ဖခင်ရှိပါက
ကျန်းမာရေး ညံ့မည်။
ဆရာသမားနဲ့
မိတ်ဆွေတွေဘက်က ရပ်တည်တဲ့ အတွက် တဖက်က ရန်မူတာကို ခံရမည်။ ဒါပေမယ့်
ကိုယ်ကမှန်တဲ့အတွက် ဘာမှ အန္တရာယ်မရှိပါ။ စီးပွားရေးကံကောင်းပါမည်။
အလုပ်သစ်၊ အကိုင်သစ်တွေ ပြုလုပ်ပါ။ ငွေကြေး အစုလိုက်အပုံလိုက်
ဝင်ပါမည်။ ကံကောင်းနေ၍ ထီထိုးပါ။ မိတ်ဆွေကောင်းတွေဆီသို့ သွားရမည်။
အတူတူ အလုပ်တွဲလုပ်ရ၍ စိတ်ချမ်းသာမည်။ သားသမီး အတွက် စိတ်ချမ်းသာမည်၊
ငွေဝင်မည်။
အကြံအစည်တွေအားလုံး အဆင်ပြေမည်။ မိမိအား ထောက်ခံနေကြသူများရဲ့
အကူအညီရမည်။ အလုပ်နှစ်ခုထက်မက တပြိုင်နက်တည်း လုပ်နေရမည်။
လုပ်ငန်းတော်တော်များများတွင်လည်း အဓိကအခန်းကဏ္ဍမှ လုပ်နေရ၍
စိတ်ပန်းလူပန်း ဖြစ်နေမည်။ ကိုယ်က အလုပ်များဖြင့် ပင်ပန်း နေသလောက်
အခြားသူက နံမည်ကောင်းယူနေတတ်၍ စိတ်မသက်မသာ ဖြစ်ရမည်။
အလုပ်ထဲတွင်
နစ်နေရ၍ မိသားစု၏ ငြိုငြင်ခြင်းခံရတတ်သည်။ လူမှုရေး၊ စီးပွားရေး အဆင်ပြေ
နေသော်လည်း မိသားစုကျန်းမာရေးကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေမည်။
ကိုယ်တိုင်လည်း အမြဲတန်း အားအင်ကုန်ခမ်း၍ ပင်ပန်းနွမ်းနယ်မှု
ခံစားနေရမည်။ ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ မျက်စိပြာဝေခြင်းတို့
မကြာခဏ ဖြစ်နေတတ်၍ အချိန်ပေး အနားယူသင့်သည်။
ယတြာ။
။
စိန်ပန်း(သို့) စပယ်ပန်း (၈)ပွင့် ဘုရားသို့ ကပ်လှူပူဇော်ပြီး
လိုရာဆုတောင်း ပါ။ |