|

ခရီးဝေးသွားရမည်။ ငါးပွက်ရာ ငါးစာချသလို မခိုင်မာတဲ့ စီးပွားရေး တွေကို
လျှောက်လုပ်နေရမည်။ အတိုက်အခံ ၊ရန်သူကို အောင်နိုင်မည်။
ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလေးတွေ ပုံပေါ်လာမည်။
လင်မယားချင်း၊ ချစ်သူချင်း စကားများရန်ဖြစ်တတ်သည်။ ချစ်သူချင်း
စကားများရန်ဖြစ် ၍ အရွဲ့တိုက်ထင်ရာလုပ်လျှင် ဘေးတွေ့မည်။ တဦးနဲ့တဦး
မကြေနပ်မှုများ အပြန်အလှန် စွပ်စွဲမည်။
အသက်ကြီးသူများ ဥစ္စာနှင့်ပတ်သက်သော်လည်းကောင်း၊ ငယ်သူမှာ
လော်လီခြင်းကြောင့် လည်းကောင်း စိတ်ချမ်းသာမှုနည်းမည်။ အလုပ်အကိုင်များ
မကြာခဏ ပြောင်းလုပ်နေရ ၍လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘဲ
စိတ်လေနေတတ်သည်။ အိမ်နှင့် အလုပ်တွင်ရှိသော စက်ပစ္စည်းများ မကြာခဏ
ပျက်နေတတ်၍လည်း စိတ်အနှောင့်အယှက်ဖြစ်ရမည်။
မိဘဆွေမျိုးတို့၏ နာရေးသတင်း ကြားရမည်။ ကျန်းမာရေးကြောင့်
ငွေအကုန်အကျများမည်။ ကျန်းမာရေး ညံ့သည်။ ရောဂါထူမည်။ ရေချိုးမှားမည်။
လေရောဂါဖြစ်မည်။ နာတာရှည်ဝေဒနာ ခံရမည်။
ယတြာ။
။
ရွံ့
(သို့မဟုတ်) စက္ကူ နွားရုပ်ကို အိမ်၏အရှေ့မြောက်အရပ်သို့ လွှင့်ပစ်ပါ။
စီးပွားရေး၊ လူမှုရေး (သို့မဟုတ်) တရားရုံးသို့ သွားရသည်ဖြစ်သော်
ခရေပန်း (သို့) ကန့်ကော်ပန်း ဆောင်ထားပါ။ အောင်မြင်မှုများရပါမည်။ |