|
ဦးနှောက်သုံး၍
လုပ်ရသော ဉာဏလုပ်ငန်းများ လျှင်လျှင်မြန်မြန် ဖြစ်ထွန်းအောင်မြင်မည်။
အဆင့်ကျော်တက်ကာ အောင်မြင်မှုများရှိ၍ မိတ်ဆွေအပေါင်းတို့၏
အထင်အမြင်လွဲခံရတတ်သည်။ လုပ်ဖေါ်ကိုင် ဖက်ချင်း မနာလိုမှုကြောင့်
လှုပ်ရှားရုန်းကန်နေသော လုပ်ငန်းများ ရပ်တန့်နေလိမ့်မည်။
လင်မယား
ကတောက်ကဆ စကားများတတ်သည်။ အိုးအိမ်၊ အလုပ်ကိစ္စ အခြေအတင် စကား ပြောရမည်။
လာဘ်ရွှင်၍ ငွေဝင်နေမည်။ ကံကောင်းနေမည်။ တရားမျှတတဲ့ အခွင့်အရေးတွေ
ရရှိမည်။ မိတ်ဆွေသင်္ဂဟနဲ့ အိမ်ထောင်ဖက်ကြောင့် ငွေဝင်မည်။ အိမ်ထောင်ရေး၊
အချစ်ရေးတို့ တွ သာယာချမ်းမြေ့မည်။
လူမျိုးခြားက ကူညီမ,စမည်။ စိတ်ကူးထားသမျှတွေ အကောင်အထည်ပေါ်လာမည်။
ထီပေါက် မည်။ ငွေဝင်မည်။ အရောင်းအ၀ယ်ကောင်းမည်။ ဆရာသမား၏
အကူအညီရရှိမည်။ ရဟန်း သံဃာ၊ သူတော်စင်မြတ်များကို ဖူးမျှော်ခွင့်ရမည်။
အလှူအတန်းလုပ်ရမည်။ ပညာသင်လို့ ကောင်းသည်။ ဘေးရန်ကင်းပြီး
လုပ်ချင်တာတွေကို လုပ်ခွင့်ရနေမည်။ စိတ်ချမ်းသာခြင်း၊
ကိုယ်ချမ်းသားခြင်းကို ဖြစ်စေမည်။
အလုပ်အကိုင်၊ စီးပွားရေး ကောင်းနေသော်လည်း အလုပ်ပြောင်းချင်စိတ်၊
နေရာပြောင်းချင်စိတ် များ တဖွားဖွားဖြစ်နေမည်။ ဤလအတွင်း အလုပ်ကြောင်း၊
နေရာပြောင်း၍ မကောင်းပါ။ ရှိရင် အလုပ်အကိုင်ကိုသာ ဖိဖိစီးစီး
တိုးချဲ့ဆောင်ရွက်ပါ။ ပိုမိုတိုးတက်အောင်မြင်ပါမည်။ ကျန်းမာရေး တွင်
ထုံထိုင်မှိုင်းဝေပြီး မအီမသာဖြစ်နေမည်။
ယတြာ။
။
ငါးလွှတ်ခြင်း (သို့မဟုတ်) ခို၊ ကြေးငှက်၊ ခွေး၊ ကြောင်တို့ကို
အစာကြွေးခြင်း တို့ကို အမြဲပြုလုပ်ပေးခြင်းဖြင့်
ဘေးအန္တရာယ်ကင်းရှင်းပြီး ကောင်းကျိုးချမ်းသာရရှိပါမည်။ |