|

မိတ်ဆွေသင်္ဂဟများနဲ့ လုပ်ထားတဲ့အလုပ် တပိုင်းတစနဲ့ ရပ်ထားရမည်။
မိဘကြောင့် စိတ်ချမ်းသာမည်။ မလိုအပ်တဲ့အလုပ်တွေကို ပင်ပန်းခံပြီး
လုပ်နေရမည်။ မိသားစုဝင်အချို့ အနေအထိုင်မတတ်လို့ ပတ်ဝန်းကျင်နဲ့
စကားများတာကို ကိုယ်က ၀င်ပါမိလို့ အမှုအခင်းကြုံရလိမ့်မည်။ အချုပ်ကျ၊
ထောင်ကျဖြစ်တတ်သည်ကို အထူးသတိထားပါ။
ထူးခြားတဲ့
လက်မှုပညာ သင်ဖြစ်လိမ့်မည်။ သူတော်ကောင်း၊ ပညာရှိ တွေနဲ့
ဆွေးနွေးခွင့်ရမည်။ လိုချင်တဲ့ အတတ်ပညာဗဟုတုတ (၂)မျိုး သင်ခွင့်ရမည်။
ညီငယ် ညီမငယ်၊ လက်အောက်ငယ်သားတို့၏ သတင်းကောင်းများ ကြားရမည်။
အိမ်အသုံးစရိတ် ငွေကုန်ကြေးကျများမည်။ ကုန်နေသလောက်လဲ ငွေဝင်နေမည်။
စီးပွားရေး၊ လူမှုရေးလုပ်ငန်း များကို မိတ်ဆွေကောင်းများနဲ့
တွဲပြီးအလုပ်လုပ်ရမည်။ ဘဝရည်မှန်းချက် အောင်မြင်စေမည့်
အခွင့်အရေးကောင်းများ ကြုံတွေ့ရမည်။
အချစ်ရေး
ညံ့သည်။ ချစ်သူနှင့် ကွေကွင်းရတတ်သည်။ အိမ်ထောင်သည်များ မကြာခဏ
စကားများရတတ်သည်။ အိမ်မှာနေရတာမပျော်ဘဲ အပြင်သို့သာ ထွက်နေချင်တတ်သည်။
အရက်သေစာနှင့် အပျော်အပါးတို့ကြောင့် ရောဂါရတတ်သည်ကို ဆင်ခြင်ပါ။
အစာမကြေဖြစ် မည်။ ရေချိုးမှားမည်။ ကျန်းမာရေး ချို့တဲ့ချူခြာမည်။
ယတြာ။
။
မိမိ၏
အ၀တ်အစားဟောင်းများကို စင်ကြယ်စွာ လျှော်ဖွတ်၍ မရှိဆင်းရဲသားများအား
ပေးကမ်းစွန့်ကြဲလိုက်ပါ။ ကောင်းကျိုးချမ်းသာ အမြန်ဆုံးရရှိပါမည်။ |