|

မွန်မြတ်တဲ့အလှူကို လှူရမည်။ ကိုယ့်ကိုအကျိုးပေးတဲ့ မိတ်ဆွေသစ်
တွေ့မည်။ အိမ်သုံးပစ္စည်း လက်ဆောင်ရမည်။ ဝေးတဲ့အမျိုးက
အကူအညီတောင်းလိမ့်မည်။ လူကြီးတွေရဲ့ အယူဝါဒကို မယူချင်ဘဲ
လက်ခံယူနေရမည်။ လုပ်ငန်းများအောင်မြင်လို့ ကျော်ကြားမည်။ တပည့်လက်သား
မယုံကြည်ရ၊ ၎င်းတို့အတွက် မိတ်ဆွေအချင်းချင်း စိတ်ဝမ်းကွဲစကားများတတ်သည်။
အင်မတန်အဆင်ပြေသော အပေါင်းအသင်းအချင်းချင်း စပ်တူရှယ်ယာလုပ်ငန်းကြောင့်
စကားများမည်။ တရားထိုင်နိုင်လျှင် တရားထူးရနိုင်သည်။ အရောင်းအ၀ယ်
လုပ်ငန်းများတွင် ငွေအမြတ်အစွန်း ရရှိ၍ စီးပွားရေးကောင်းနေမည်။
ကြိုးစားလုပ်ကိုင်သမျှ လုပ်ငန်းများအားလုံး အောင်မြင်မည်။ သူများရဲ့
အခွင့်အရေးများကိုလဲ ကိုယ်ကပဲ ရနေတတ်၍ မနာလိုဝန်တိုမှုဖြင့်
သွားပုတ်လေလွင့် ပြောခံရတတ်သော်လည်း ဂရုမစိုက်ပဲ လျစ်လျူရှုကာ
ကိုယ့်အလုပ်ကို ကိုယ် ဖိလုပ်နေခြင်းဖြင့် ကျော်လွှားနိုင်ပါသည်။
ဤအလတွင်း
လခတိုး၊ ရာထူးတိုးခြင်းဖြင့် အခွင့်အရေးကောင်းတွေ ရနေမည်။ သားသမီး၊
ညီငယ်ညီမငယ်တို့အတွက် စိတ်ညစ်စရာ ကြုံတွေ့ရသော်လည်း
ဖြေရှင်းနိုင်ပါသည်။ ကျန်းမာရေးချို့တဲ့၍ ငွေကြေးအကုန်အကျ
များတတ်သည့်အပြင် ဆေးမှားတတ်သည်ကို သတိပြုပါ။ ဘယ်ဘက်မျက်စိ ဒုက္ခပေးမည်။
ညာဘက်သွား နာနေမည်။
ယတြာ။
။
ဗုဒ္ဓမြတ်စွာဘုရားကို သောက်တော်ရေ ဆက်ကပ်လှူဒါန်းခြင်း၊ ရေသပ္ပါယ်
ခြင်းဖြင့် မကောင်းမှုများပပျောက်၍ ကောင်းကျိုးချမ်းသာများ ရရှိပါမည်။ |