|

ခက်ခဲလေးနက်သော အလုပ်တွေ လုပ်ရမည်။ တရားထူးရမည်။ အတတ်ပညာအသစ်တခု
သင်ကြားတတ်မြောက်မည်။ ဂုဏ်သိက္ခာ မြင့်မား၍ မျက်နှာပွင့်လန်းမည်။
တပည့်လက်သားတို့ရဲ့ကိစ္စတွေကို ဖြေရှင်းပေးနေရမည်။ ထို့အတူ
မိသားစုကိစ္စနှင့် အပေါင်းအသင်းကိစ္စ တွေကို ဖြေရှင်းပေးရသော်လည်း
အောင်မြင်နေ၍ စိတ်ချမ်းသာပါမည်။ မိသားစုအတွင်း အမွေကိစ္စ စကားပြော၍
စိတ်ဝမ်းကွဲ ကစဥ့်ကလျား ဖြစ်ပြီး ကိုယ်စိတ်ထဲတွင် မကျေမနပ်ဖြစ်နေမည်။
ရရှိစရာရှိသော အကြွေးများမှာလည်း တဖြည်းဖြည်းချင်းသာ ရရှိနေ၍
ဝင်ငွေနည်းပြီး စိတ်တိုင်း မကျ ဖြစ်နေမည်။ စည်းရုံးရေးမှူးများ
ပြောဆိုလှုပ်ရှားမှု အောင်မြင်ပါသည်။ သားသမီး၊ တပည့် လက်သား၊
လက်အောက်ငယ်သားတို့ကြောင့် နာမည်ပျက်၊ ဂုဏ်သိက္ခာ ကျဆင်းရတတ်သော
အထင်အမြင်လွဲမှားမှု ဖြစ်တတ်သည်။ လုပ်ငန်းများတွင်လည်း
အပြိုင်အဆိုင်အားလုံးကို အောင်နိုင်ပြီး ရှေ့တန်းရောက်၍
အကျိုးခံစားခွင့်များ ရရှိမည်။
ကိုယ်က
သူများကို အမြဲတမ်း အကူအညီပေးနေရ၍လည်း လာဘ်လာဘတိုးပွား၍ ငွေဝင်နေ
တတ်သည်။ ထီပေါက်ကိန်းရှိသည်။ (၃,၄)ဂဏန်းသည် အကောင်းဆုံး
အကျိုးပေးဂဏန်းများ ဖြစ်သည်။ အစာအဆိပ်သင့်သည့်ရောဂါ ဖြစ်တတ်၍
အစားအသောက်ကို ဆင်ခြင်၍ စားသောက် ပါ။
ယတြာ။
။
စပယ်ပန်း (သို့မဟုတ်) စိန်ပန်းကို ဘုရားတွင် ကပ်လှူပူဇော်ထားခြင်းဖြင့်
ဘ၀၏ တိုးတက်အောင်မြင်မှုများ ရရှိပါမည်။ |