|

လုပ်ငန်း၊
အလုပ်အကိုင်အသစ်များ ပြုလုပ်ပါ။ ငွေကြေး အစုအပုံလိုက်ဝင်၍ စီးပွားရေး
ကံကောင်း ပါမည်။ မိတ်ဆွေသစ်၊ မိတ်ဆွေကောင်းများ တိုးပွား နေပါသည်။
အကြံအစည် လုပ်ထားတာတွေ အကောင်အထည်ဖေါ်နိုင်ပြီး အောင်မြင်ပါမည်။
သားသမီး၊ ညီငယ်ညီမငယ်တို့၏ အလုပ်တွေကိုလဲ ကိုယ်က ၀င်လုပ်ပေးနေမည်။
လက်အောက်ငယ်သားတို့ရဲ့ ပြောမှားဆိုမှားဖြစ်တဲ့အတွက် ကိုယ်ကဦးဆောင်ပြီး
လိုက်ဖြေရှင်း ပေးနေရမည်။ လုပ်ငန်းအကြံအစည်များကို ထိခိုက်နိုင်၍
စိတ်ပန်း၊ လူပန်းဖြစ်တတ်သလို သူများ အပူက ကိုယ့်အပူဖြစ်တတ်ပါသည်။
သားသမီး၊ ကလေးသူငယ်များ မတော်တဆ ထိခိုက်မိခြင်း၊
ကျန်းမာရေးချို့တဲ့ခြင်းတို့ကြောင့် ပညာရေးတပိုင်းတစ ဖြစ်တတ်၍
စိတ်ရှုပ်ထွေး၊ စိတ်ညစ်နေရ တတ်သည်။
ကိုယ့်ဆီက
ပစ္စည်းငှားခြင်း၊ ငွေချေးခြင်းဖြစ်ပါက အလိမ်ခံရတတ်သည်။ အလုပ်အကိုင်၊
အိုးအိမ် ကိစ္စ စကားများပြီး အမှုအခင်းဖြစ်တတ်သည်။ ပစ္စည်းဆုံး၊
အမှုရှုံးဖြစ်တတ်သည်ကို သတိပြု ဆင်ခြင်ပါ။
ထိခိုက်ရှနာဖြစ်တတ်သည်။ ကျန်းမာရေးချို့တဲ့၍ ယာယီချူချာပြီး အနာတခြား
ဆေးတခြား ဖြစ်တတ်သည်ကို သတိပြုပါ။ သို့သော် သေဘေးထိ
ဆိုးဆိုးဝါးဝါးမဖြစ်ပါ။
ယတြာ။
။
သက်ကြီးအရွယ်အိုများအား ဆေးဝါးလှူဒါန်းခြင်း၊ အ၀တ်အစားလှူဒါန်း ခြင်း
ပြုလုပ်ပါက စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ၊ ကောင်းကျိုးချမ်းသာ ရရှိပါမည်။ |