|

ခက်ခဲသော
အလုပ်များ ပိုလုပ်ရသော်လည်း လုပ်ငန်းတွေ့အကြုံ ပိုရရှိ၍
အောင်မြင်မှုများရမည်။ လုပ်ငန်းအောင်မြင်လို့ မျက်နှာပွင့်လန်းပြီး
ကျော်ကြားမည်။ မင်းစိုးရာဇာထံမှ အကူအညီရရှိပြီး သြဇာရှိသူတို့နှင့်
တွေ့ဆုံရင်းနှီးခွင့်ရမည်။ အခွင့်အရေးကောင်းများကြုံကြိုက်၍
ရာထူးတိုးခြင်း၊ လစာတိုးခြင်းရရှိမည်။
မိတ်ဆွေသစ်၊မိတ်ဆွေကောင်းများတွေ့ဆုံရ၍ စိတ်အေးချမ်းသာမည်။
ငယ်သူငယ်ချင်း မိတ်ဆွေဟောင်းများနဲ့ အထင်လွဲအမြင်လွဲ၍ အချင်းချင်း
စကားများရန်ဖြစ် ရတတ်သည်။ အိမ်ခြံမြေအတွက် စိတ်ဆင်းရဲရမည်။
တရားထိုင်ရင် တရားထူးရမည်။ ဘာသာရေးမှာ အလှူအတန်းရည်မှန်းချက်
ပြည့်စုံမည်။ အလုပ်အကိုင်အဆင်ပြေ၍ ငွေရမည်။
ရည်ရွယ်ချက်ကြီးကြီးထားပြီး လုပ်တဲ့အလုပ် ကြိုးစားသမျှ အောင်မြင်မည်။
ဘုန်းတန်ခိုးကြီးမည်။ ရောင်းဝယ်တဲ့ လုပ်ငန်းတွေမှာ အမြတ်အစွန်းရရှိပြီး
စီးပွားရေးကောင်းမည်။ သူများကို ကူညီမ,စလို့ မေတ္တာလက်ဆောင်တွေရမည်။
စပ်တူရှယ်ယာ လုပ်ငန်းကိစ္စတွေမှာတော့ ယုံကြည်ရတဲ့သူက သစ္စာဖောက်လို့
အရှုပ်အရှင်း ဖြေရှင်းနေရမည်။
ငွေကုန်ကြေးကျများပြီး စိတ်ဆင်းရဲ စိတ်ညစ်ရမည်။ သူများကို လက်လွတ်စပယ်
လွှဲပေးထားရင် ဆုံးရှုံးမှုပိုများလိမ့်မည်။ အထူးသဖြင့် သားသမီး၊
ဆွေမျိုးများက ဒုက္ခပေးမည်။ ဤလအတွင်း အစားမှား၍ လေထိုးလေအောင့်ရောဂါ
မကြာခဏ ဖြစ်တတ်သည်။ အနေအထိုင် မဆင်ခြင်မိပါ က ခွဲစိတ်ရသည်အထိ
ဖြစ်တတ်သည်။ ရေချိုးမှား၍ ရောဂါထူပြီး နာတာရှည် ဝေဒနာ ခံစားရ တတ်သည်။
သွားကိုက်သွားနာ ဖြစ်လိမ့်မည်။
ယတြာ။
။
ဘုန်ကြီးကျောင်းသို့ ယပ်တောင်လှူ၍ လိုရာဆုတောင်းပါ။
|