|

အပြန်အလှန် အမှုအခင်းဖြစ်တတ်သည်။
အိမ်ထောင်သည်များ သူများက အရှက်ခွဲ၊ စွပ်စွဲတတ်၍ လင်မယားကွဲတတ်သည်။
မခိုင်မာတဲ့ စီးပွားရေးတွေကို လျှောက်လုပ်နေရတတ်၍ စိတ်မချမ်းမသာ ဖြစ်နေ
သော်လည်း မိတ်ဆွေများက ကူညီနေ၍ ငွေများများ ရနေတတ်သည်။ ရစရာရှိသော
ငွေများ လက်ဝယ်မရဖြစ်နေသော်လည်း ကုန်စရာရှိသော ငွေများ ဟောကနဲ
ငွေကုန်ကြေးကျများနေတတ်သည်။
မိတ်ဆွေကောင်းများရဲ့ စွန့်လွှတ်ခြင်း ခံရတတ်သည်။
သားသမီး၊ ညီငယ်ညီမငယ်တို့၏ ပညာ ရေးနှင့် ပတ်သက်ပြီး စိတ်ချမ်းသာမည်။
ဂုဏ်ယူရမည်။ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ယာဉ်ရထား နှင့် မြေ၊ အိမ်
ရောင်းဝယ်ရန် အကောင်းဆုံးအချိန် ဖြစ်တတ်သည်။
လုပ်နေသော အလုပ်များသည်လည်း တဖြည်းဖြည်းချင်း
အကျိုးခံစားခွင့် ရရှိမည်ဖြစ်၍ စိတ်ရှည် သီးခံမှသာ ပတ်ဝန်းကျင်၏
လေးစားမှုကို ခံရမည်။ အရောင်းအ၀ယ်လုပ်ငန်းများတွင်လည်း ငွေ
တော်တော်များများ ပြန်လည်မပေါ်ဘဲ နေတတ်၍ ငွေကြေးလုပ်ငန်းများ အရင်းအနှီး
လှည့်မရ သောကြောင့် စိတ်ညစ်နေရမည်။
ရေချိုးမှား၍ အအေးပတ်ဖျားနာခြင်းမှ
အဆုတ်အအေးပတ်ရောဂါ ဖြစ်တတ်သည်။ ချောင်းဆိုး ချွဲသလိပ်ရောဂါ ဖြစ်မည်။
ခါးကိုက်ရောဂါဖြစ်မည်။ မကောင်းတဲ့ မိစ္ဆာတွေရဲ့ ဖမ်းစားခံရမည်။
ယတြာ။
။
မိတ်ဆွေသူငယ်ချင်းတဦးအား ရွက်လှပင် လက်ဆောင်ပေးပါက မကောင်း မှုများ
ပြေပျောက်၍ ကောင်းမှုများ ရောက်လာမည်။ |