Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

 

{ဇူလိုင်၊ ၂၀၀၇}

 

ကံကိုယုံ၍မရ၊ ဉာဏ်ကိုလွှာသုံးပြီး လျှင်လျှင်မြန်မြန် လုပ်ကိုင် ဆောင်ရွက်နိုင်မှုကြောင့် လာဘ်လာဘရွှင်နေပါသည်။ လူပျို/အပျိုများ တနင်္ဂနွေ(အ)၊ ဗုဒ္ဓဟူး (ရ၊ယ၊လ၊၀)တို့နှင့် ချစ်ကျွမ်းဝင်၍ အိမ်ထောင် ကျတတ်သည်။ မိတ်ဆွေအပေါင်းအသင်းတို့ အထင်အမြင်လွဲခံရတတ် သည်။ မိသားစုအတွင်း ညီအကိုမောင်နှမများကြား မကြာခဏ စကားများရတတ်သည်။

ပညာရေးလောဘကြီး၍ တခုပြီးတခု သင်ကြားနေသော်လည်း ပြန်မေ့သွားတတ်၍ စိတ်ဘ၀င် မကျ ဖြစ်နေတတ်သည်။ အချစ်ရေး၊ အိမ်ထောင်ရေးတို့တွင် ငွေကြေးကိစ္စ ရှေ့တန်းတင်နေကြ ၍ စိတ်အနှောက်အယှက်၊ ကသိကအောင့် ဖြစ်မိသည်။ အလုပ်ထဲတွင်လည်း အခွင့်အရေးမရဘဲ တန့်နေသဖြင့် စိတ်လေနေမည်။ အလုပ်အကိုင်ပြောင်းခြင်း၊ အိမ်နေရာပြောင်းခြင်း လုပ်ပါက ငွေဝင်မည်။

ထီပေါက်မည်။ ၆,၀,၇,၉ တို့သည် ကံကောင်းစေသည့် ဂဏန်းများဖြစ်သည်။ အလှူအတန်းလုပ် ၍ ရဟန်းသံဃာများ ဖူးမျှော်ခွင့်ရမည်ဆိုပါက အဖိုးတန်ပစ္စည်းများ ၀င်လိမ့်မည်။ ခရီးဝေး၊ ပြည်ပ ခရီး သွားရတတ်သည်။ လူသစ်၊ စိတ်သစ်၊ နေရာသစ်၊ အိုးအိမ်သစ်နှင့် အလုပ်အကိုင်အသစ် တို့ကို လုပ်ရကိုင်ရတတ်သည်၊ အလွန်ကောင်း၊ အလွန်အကျိုးပေးသည်။

မတော်တဆ ထိခိုက်မိတတ်သည်။ ကားအက်ဆီးဒင့်ကိစ္စကို သတိထားပါ။ ရင်ခေါင်းနှင့် ပတ်သက်သော ရောဂါဖြစ်မည်။ လင်မယားစုံတွဲလိုက် နေမကောင်းဖြစ်တတ်သည်။

ယတြာ။              ။ ကျေးငှက်၊ ခွေး၊ ကြောင်တို့ကို အစာကျွေးပါက စီးပွားရေး၊ လူမှုရေးကိစ္စများ အောင်မြင်ဖြစ်ထွန်းပါမည်။

 
........................................................................................................................

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org