|

အ၀တ်အစားကောင်း၊ အသစ်များ ရမည်။ ကောင်းသောခရီး သွားရမည်။ ဆန့်ကျင်ဖက်
လိင်အမျိုးသား၊ အမျိုးသမီးများ မိတ်ဆွေသစ်ရရှိမည်။ လုပ်နေကျ အလုပ်တွင်
အခက်အခဲအနည်းငယ်ကြုံတွေ့ရပြီး ဖခင်(သို့မဟုတ်) ဦးကြီး၊ ဘကြီးကဲ့သို့
လူကြီးများနှင့် ကတောက်ကဆ စကားများရမည်။
အလုပ်အကိုင်အခွင့်အရေးသစ်များရရှိ၍ အကျိုးရှိခြင်း၊ နာမည်သတင်း
ကြီးခြင်း၊ စီးပွားရေးကံကောင်းနေခြင်း ဖြစ်နေသော်လည်း ရစရာရှိသော
ငွေများ အပြည့်အ၀ မရရှိတတ်၍ စိတ်ထဲမှာ မပျော်ရွှင်ဘဲ
အလုပ်လုပ်နေရတတ်သည်။ လုပ်ငန်းများတွင် လက်အောက်ငယ်သားများ၏
အကူအညီအထောက်အပံ့ ရမည်။ သားသမီး၊ ညီငယ်ညီမငယ်တို့
စာမေးပွဲအောင်မြင်မည်။
သူများမလုပ်နိုင်တာတွေကို လုပ်ပြနိုင်၍လည်း အလုပ်ကြိုးစားလုပ်သလောက်
အကျိုးခံစားခွင့်ရ မည်။ အချစ်ရေး၊ အိမ်ထောင်ရေး ပြောဆိုဆက်ဆံမှု
အဆင်ပြေမည်။ ပညာရှိသူတော်ကောင်း များနဲ့ မိတ်ဆွေဖြစ်ရမည်။
မင်းစိုးရာဇာက ကိုယ့်ဘက်က ပါဝင်ကူညီနေတတ်၍ စီးပွားရေး ကံကောင်းနေမယ်။
ညီအကိုမောင်နှမ၊ မိသားစုအတွင်း အမွေကိစ္စ စကားပြောရ၍ စိတ်ဝမ်းကွဲ ကြကာ
စိတ်မချမ်းမသာဖြစ်မည်။
အလုပ်အကိုင်၊ အိမ် နေရာအပြောင်းအလဲ ရှိနိုင်သည်။ အိမ်ထောင်ရှိ မိန်းမ၊
ယောင်္ကျားတို့နှင့် အစွပ်စွဲပြောဆိုခံရတတ်၍ အနေအထိုင် ဆင်ခြင်သင့်သည်။
အိမ်ထောင်သည်များ ကလေး မွေးရင် အန္တရာယ်ရှိတတ်သည်။
အစာချေတဲ့အပိုင်း၊ အစာအိမ်ရောဂါ ဒုက္ခပေးမည်။ အနေအထိုင်၊ အစားအသောက်
မဆင်ခြင် မိပါက ဆေးရုံတက်ရောက် ခွဲစိတ်ရသည်အထိ ဖြစ်တတ်သည်ကို
သတိပြုဆင်ခြင်ပါ။ ယတြာ။
။
မွေးနေ့တွင် အချို၊ သကြားတို့ဖြင့် ဆွမ်းတော်ကပ်ပြီး ကလေးသူငယ်များ အား
သကြားလုံးဝေငှ အလှူပေးခြင်းဖြင့် စီးပွားရေးလာဘ်လာဘတိုး၍ အကြံအစည်များ
အောင်မြင်ပါမည်။ |