Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

 

 

နှစ်သစ်မှာ ဦးလေး၊ ဦးကြီးတွေရဲ့ အကူအညီကို ရရှိခဲ့မှု ကြောင့် လုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်ပြီး ကြိုးစားသလောက် အကျိုးခံစားခွင့်ရမယ်။ ဟန်ဆောင်နေတဲ့ မိတ်ဆွေကို နှုတ်ဆက်ခဲ့နိုင် သလို မိတ်ဆွေသစ်များကလည်း လက်ကမ်းကြိုဆိုပြီး ကူညီ စောင့်ရှောက်ကြလိမ့်မည်။ စီးပွားရေး၊ လူမှုရေးတို့တွင် စိတ်ကူးရရာ ကို လျှောက်လုပ်နေသော်လည်း နာမည်ကောင်းရပြီး အောင်မြင်နေ လိမ့်မည်။ အိုးအိမ် ငှားရမ်းပေါင်နှံခြင်းတို့နှင့် အလုပ်ကိုင်သစ်ရှာဖွေခြင်းတို့တွင် အနီးကပ် မိတ်ဆွေ၏ ငွေလိမ်ခြင်းကို ခံရတတ်သည်။

စကားပြော အဆင်မပြေမှုကြောင့် ဖခင်နှင့် ဆရာသမားတို့၏ အထင်သေး၊ အမြင်လွဲ ခံရတတ်သည်။ မိခင်၊ ဒေါ်ကြီးတို့၏ ကျန်းမာရေး ချူချာမယ်။ မပတ်သက်တဲ့လူက ၀င်ရောက် စွက်ဖက်လို့ အိမ်တွင်းရေးမှာ အခြေအတင် စကားများပြောရပြီး ကမောက်ကမ ဖြစ်မယ်။ မောင်နှမအချင်းချင်း စကားများရန်ဖြစ်ရတတ်သည်။

တရားထိုင်ရင် တရားထူးရပြီး ဘုန်းတန်ခိုး ကြီးထွားကာ ဂုဏ်သိက္ခာ အရှိန်အ၀ါ တက် မည်။ ကိုယ်နှင့်ရင်းနှီးကျွမ်းဝင်ပြီးသူနှင့် အလုပ်ကို ပြိုင်ဆိုင်လုပ်ကိုင်ရနေလို့ စိတ်ကသိက အောက် ဖြစ်မယ်။ ဘယ်လောက်ပင် ယှဉ်ပြိုင်သည်ဖြစ်စေ မိမိကသာ အမြဲတမ်း အသာစီး အောင်နိုင်နေတတ်သည်။ ပစ္စည်းကောင်း၊ အ၀တ်အစားကောင်း လက်ဆောင်ရရှိခြင်း မိသားစု လိုက် အစားကောင်းစားရပြီး မကြာခဏ ပျော်ပွဲစားထွက်ရတတ်သည်။  အရောင်းအ၀ယ် မြတ်ခြင်း၊ အလုပ်အကိုင်အောင်မြင်ခြင်းတို့ကြောင့် ထူးထူးခြားခြား နာမည်သတင်းကြီးမယ်။

နိုင်ငံခြားသား၊ ဘာသာခြားမိတ်ဆွေကောင်းများ တိုးပွားပြီး ပြည်ပနှင့် ဆက်သွယ် လုပ်ကိုင်ရသော အလုပ်အကိုင်များ ဖြစ်ထွန်းအောင်မြင်မည်။ ညီ၊ ညီမငယ်၊ သားသမီးများ အတွက် ပညာရေး တပိုင်းတစ ဖြစ်နေမည်။ မိတ်ကောင်းဆွေကောင်းတို့နဲ့ ပျော်ရွှင်စရာ ခရီးဝေး သွားရမယ်။ ဂုဏ်သရေရှိ လုပ်ငန်းကြီးတခုကို ဦးစီးဦးဆောင် လုပ်ကိုင်ဆောင်ရွက်ရန် နေရာပေးခြင်း ခံရမယ်။ ဘုန်းတန်ခိုးကြီးမယ်။

မကြာခဏ ခေါင်းကိုက်ရောဂါ ဖြစ်တတ်သည်။ ရေချိုးမှားပြီး ဖျားနာခြင်း၊ လေဖြတ် ခြင်းတို့ ဖြစ်နိုင်သလို အပူနာများလည်း ခန္ဓာကိုယ်တွင် ပေါက်တတ်သည်။

ယတြာ။              ။ ဘုန်းတော်ကြီးများကို ယပ်တောင်လှူဒါန်းခြင်း၊ ကျေးငှက်၊ ကြောင်၊ ခွေးတို့ ကို  အမြဲအစာကျွေးခြင်းဖြင့် ဘုန်းတန်ခိုးကြီးခြင်း၊ လာဘ်လာဘ တိုးပွားခြင်းဖြင့်  ကောင်းကျိုး မင်္ဂလာ ရရှိပါမည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org