Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

 

 

နှစ်သစ်မှာ အခက်အခဲပြဿနာများကို လွယ်ကူစွာ ဖြေရှင်း နိုင်နေပါတယ်။ သူများအတွက် အလွန်ခက်ခဲနေတဲ့ ပြဿနာများ ကိုပင် အလွယ်တကူ ဖြေရှင်းပေးနိုင်လို့ ပတ်ဝန်းကျင်၊ မိဘဆွေမျိုး အသိုင်း အ၀ိုင်းကြားမှာ မျက်နှာပန်းလှ နာမည်ရနေတတ်ပါသည်။ မိမိအား မနာလို တိုက်ခိုက်ရန်ရှာနေသူများကို အောင်နိုင်မည်။ ရပ်ဝေးမှ စိတ်ချမ်းသာစရာ မင်္ဂလာသတင်းများ ကြားရမည်။

ရပိုင်ခွင့်နှင့် အမွေကိစ္စများကြောင့် ဆွေမျိုးများအချင်းချင်း စကားများ ရန်ဖြစ်တတ် သည်။ မိခင်၊ ဖခင် (သို့မဟုတ်) ဦးကြီး၊ ဒေါ်ကြီးများ ကျန်းမာရေး ချူချာ၍ နာရေးကြုံရတတ် သည်။ အိမ်ထောင်ရေး ကာမသုခ အပြည့်အ၀ခံစားရလို့ စိတ်ချမ်းသာပျော်ရွှင်မယ်။ အမြင့် ပေါ်က လိမ့်ကျတာမျိုး ခြေကျိုး၊ လက်ကျိုး (သို့မဟုတ်) ဒူးနာ၊ ဒူးကွဲ ဖြစ်လိမ့်မည်။

အကြံအစည်သစ်၊ လုပ်ငန်းသစ်များ မလုပ်သင့်ပါ။ ရှိပြီးသားလုပ်ငန်းများကိုသာ တိုးချဲ့ ဆောင်ရွက်လုပ်ကိုင် သင့်ပါသည်။ အလှူဒါန ကောင်းမှုကုသိုလ်လုပ်ရင် နာမည်တလုံးရ အောင် မြင်မည်။ ကံကောင်း၍ ထီထိုးပါ။ စာပေအနုပညာနဲ့ ပတ်သက်ပြီး အကျိုးပေးမည်။ လုပ်နေတဲ့ အလုပ်တွေ အားလုံးနီးပါးအောင်မြင်လို့ စိတ်ချမ်းသာပျော်ရွှင်ရမယ်။ အ၀တ်စားသစ်၊ လက်ဆောင်သစ်များရပြီး အစားကောင်းများလည်း စားသောက်ရမည်။ ပတ်ဝန်းကျင်က လေးစားဂုဏ်ယူစရာ လုပ်ရပ်တွေကို လုပ်ပြနိုင်မယ်။

ဤလအတွင်း ခရီးဝေးသွားရင် မကောင်းပါ။ အပူရှပ်ပြီး နေထိုင်မကောင်း ဖြစ်တတ် သည်။ ဇနီးကိုယ်ဝန်ရှိရင် ကလေးမွေးရခက်မယ်၊ စိုးရိမ်စရာ မရှိပါ။ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များနဲ့ စကားများရန်ဖြစ်ခြင်း အမှုအခင်းဖြစ်၍ တရားရုံးတွင် ရင်ဆိုင်ရခြင်းများ ဖြစ်တတ်သည်။ ပညာ ရေးမှာ ထင်သလောက် အောင်မြင်မှုမရှိ၍ စိတ်တိုင်းမကျဖြစ်မည်။

အညောင်းမိ၍ သွေးလေမညီညွှတ်ခြင်း၊ ဒူလာ၊ မီးယပ်ရောဂါများ ဖြစ်တတ်သည်။ နားနှင့် သွားရောဂါ ဒုက္ခပေးမည်။                              

ယတြာ။              ။ သက်ကြီးရွယ်အိုများနှင့် ရဟန်းသံဃာများအား ဆန်၊ ဆီ၊ ဆေး၊ ဆား .. ဆပ်ကပ်လှူဒါန်းခြင်းဖြင့် ကောင်းကျိုးချမ်းသာများ ရရှိပါမည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org