|

နှစ်သစ်မင်္ဂလာတွင် ပညာရေးအခွင့်အလန်းများ ရသလို အတတ်ပညာများလည်း တခုပြီး
တခုတတ်မြောက်အောင်မြင်နေ မယ်။ ဆရာသမား၊ သူတော်ကောင်းတို့၏
ကူညီစောင့်ရှောင့်မှုကို ရသလို သူငယ်ချင်းမိတ်ဆွေတို့၏
ပူးပေါင်းဆောင်ရွက်မှု အကူအညီ များ ရရှိလိမ့်မည်။ လေထိုးလေအောင့်ရောဂါ
မကြာခဏ ဖြစ်တတ် သည်။
လင်မယားချင်း တကျက်ကျက် စကားများတတ်သော်လည်း မျက်စိအောက်က
အပျောက်မခံနိုင် နီးတကျက်ကျက် ဝေးတသက်သက် ဖြစ်နေတတ်သည်။ အလုပ်ကိုင်သစ်၊
အိုးအိမ်သစ်ရရှိခြင်းတို့ ကြုံရမည်။ ပညာသင်ခွင့် ကံကောင်းမယ်။
စာမေးပွဲနှင့် အင်တာဗျူး အောင်မြင်မည်။ သူတော်ကောင်း မိတ်ဆွေသစ်များ
တိုးပွားမည်။ ချစ်သူအသစ် ရမည်။ ချစ်သူ အဟောင်းများလည်း မကွဲဘဲ
မြဲလိမ့်မယ်။
ကြိုးစားသလောက် အကျိုးခံစားခွင့် အခွင့်အရေးတွေရလိမ့်မယ်။
ရာထူးတိုးမယ်။ ငွေဝင်မယ်။ အရောင်းအဝယ်ပစ္စည်းများမှ အကျိုးအမြတ်
ခံစားခွင့်ရလိမ့်မယ်။ ရွှေ၊ ငွေ၊ အဖိုးတန်ကျောက်မျက်ရတနာများ
ဝတ်ဆင်ရမယ်။ အဖိုးတန် အ၀တ်အစားကောင်း၊ ပစ္စည်း ကောင်းများလည်း သုံးရမည်။
အစိုးရအာဏာပိုင်များနှင့် တွေ့ဆုံရင်းနှီးခွင့်ရမည်။ အပြိုင်ဆိုင်၊
အတိုက်အခံတို့နှင့် အမှုရင်ဆိုင်ဖြေရှင်းရတတ်သော်လည်း ကိုယ်က နိုင်မည်။
လုပ်ချင်တာတွေ ဖြစ်ထွန်းအောင်မြင် လုပ်ကိုင်ရမည်။ တာဝန်ကြီးကြီးတခု
ထမ်းဆောင်ရမည်။ လုပ်ငန်းခွင်တွင် နာမည်ရ၊ အာဏာရမည်။
ဘုန်းတန်ခိုး ကြီးထွားမယ်။ မိတ်ကောင်းဆွေကောင်းများ
တိုးပွားပေါများမည်။ မမျှော် မှန်းနိုင်သော အခွင့်အရေးများကိုပင်
အချောင်ရနေသဖြင့် အလုပ်မှာ ကံအလွန်ကောင်းနေမည်။ အမှုအခင်းဖြစ်ပါက
လူကြီးတွေက ကူညီသဖြင့် ဒုက္ခအားလုံးကင်းငြိမ်း စိတ်ချမ်းသာရမည်။
ရေချိုးမှားခြင်း၊ လေတိုက် အအေးမိခြင်းတို့ကြောင့် နှာစေးချောင်းဆိုး၊
ဖျားနာခြင်းတို့ မကြာခဏ ဖြစ်လိမ့်မည်။
ယတြာ။
။
ကလေးငယ်များအား မုန့်ဝေပြီး အနောက်ရပ်ကို မျက်နှာမှု၍ အရဟံ ဂုဏ်တော်
ရွတ်ဆိုခြင်းပြုပါ။ စီးပွားတိုးတက်၍ ကျက်သရေမင်္ဂလာအပေါင်းနှင့်
ပြည့်စုံစွာ ရောက်ရှိခံစားရပါမည်။ |