|

နှစ်သစ်မှာ
စိတ်ကူးယဉ်အိမ်မက်များကို အကောင်အထည် ဖေါ် အခွင့်အရေးတွေက
စောင့်ကြိုနေမယ်။ လူကြီးသူမက ကူညီ မယ်။ မင်းစိုးရာဇာနဲ့
မိတ်ဆွေဖွဲ့ရမယ်။ ရာထူးပေးခံရမယ်။ စိတ်ချမ်း သာမယ်။
ပျော်ရွှင်ချမ်းမြေ့မယ်။ သို့သော် ရွေးချယ်စရာ အလုပ်တွေ က များနေလို့
ဆုံးဖြတ်ချက်ချဖို့ ခက်ခဲနေမယ်။ စက်မှုလုပ်ငန်း လုပ်ကိုင်နေသူများအတွက်
မကြာခဏ စက်ပျက်နေလို့ စိတ်ညစ်နေ ရမယ်။ ဆန်၊ ဆီ၊ ဆား လုပ်ငန်းများ
တွင်လည်း အလေလွှင့် အပျက်အစီးများရှိနေမယ်။
စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ ရာထူးချခြင်း၊ နေရာပြောင်းရွှေ့
ရခြင်းဖြစ်မယ်။ သူများ ပစ္စည်းပျောက်ဆုံး ပျက်စီးမှုတွင်
အစွပ်စွဲခံရတတ်သည်။ အလုပ်ထဲတွင် စကားမပြောချင်သူများ နှင့်
ပြောဆိုဆက်ဆံနေရမယ်။ အတွေးအခေါ်မရှိသူ လူရမ်းကားများ၏ ရန်ရှာခြင်း
ခံရတတ် သည်။ စာရင်းမှားတတ်၍ ငွေကြေးပေးလျှော်ရတတ်သည်။
ငွေကုန်ကြေးကျများနေသော်လည်း ငွေကြေးစုဆောင်းမိ လိမ့်မည်။
လုပ်ဖေါ်ကိုင်ဖက် အနီးကပ်ရန်သူ၏ ချောင်းပြီး ဒုက္ခပေးတာခံရတတ်သော်လည်း
မိမိက အောင်နိုင်၍ နာမည် ကောင်းရ၊ ဘုန်းတန်ခိုးအရှိန်အ၀ါ တိုးပါမည်။
လုပ်ငန်းဟောင်းများမှ ရင်းနှီးထားသော ငွေများ ပြန်မပေါ်ဘဲဖြစ်နေလို့
ယာယီ အကြပ်အတည်းများ ဖြစ်နေမယ်။
အကြံအစည်သစ်နှင့် လုပ်အကိုင်အသစ်များကို ရဲရဲဝံ့ဝံ့
ရှေ့တိုးဆောင်ရွက်ပါ။ မိတ်ဆွေ သစ်၊ မိတ်ဆွေကောင်းများ တိုးပွား၍
လုပ်ချင်တာတွေ လုပ်ခွင့်ရလို့ စိတ်ချမ်းသာ ပျော်ရွှင်ရမယ်။
ရဟန်းသံဃာတော်များ ဖူးမျှော်ခွင့်ရပြီး အလှူအတန်းလုပ်ရလျှင် ငွေကြေး
အစုလိုက်အပုံလိုက် ၀င်နိုင်ပါသည်။ ထီထိုးပါ။ ၅၊ ၆ ပါသော ထီဂဏန်းကို
ကြာသပတေးနေ့၊ သောကြာနေ့တို့တွင် ထီထိုးပါ။ ငွေကြေးကံ
အလွန်ကောင်းနေပါသည်။ ဆိုင်ကယ်၊ ကား စသည့် ယာဉ်ရထား ဝယ်မိ ပါက
ရောင်းမှားဝယ်မှားဖြစ်တတ်လို့ ငွေကြေးအဆုံးရှုံး၊ အလိမ်ခံရတတ်သည်။
သို့မဟုတ် ပျက်စီးနေသော စက်ပစ္စည်းများ လက်ခံရရှိတတ်သည်။
ကျောက်ကပ်နှင့် ဆီးရောဂါ ဒုက္ခပေး၍ ဖောရောင်ခြင်းရောဂါ ဖြစ်တတ်သည်။
ယတြာ။
။
သစ္စာပန်း၊
သစ်ခွပန်း၊ မေမြို့ပန်း တခုခုကို
(၉) ပွင့် (သို့မဟုတ်) ၉ ခိုင်ကို ဘုရားလှူခြင်းဖြင့်
ကံကြမ္မာအဆိုးများ ကြေပျောက်၍ ကံအကောင်းများ ရရှိခံစားရပါလိမ့်မည်။ |