|

နှစ်သစ်မှာ
ပျော်ရွှင်စွာ ခရီးသွားလာခြင်းနဲ့စတင်လို့ မင်္ဂလာ သတင်းများလဲ
ကြားရပါမယ်။ လက်အောက်ငယ်သား ညီငယ်၊ ညီမငယ်နှင့် သားသမီးတို့
စာမေးပွဲအောင်မြင်၊ အတတ်ပညာ တတ်မြောက် အောင်မြင်လို့ ၀မ်းပန်းတသာ
ပီတိဖြစ်ရပါမယ်။ နိုင်ငံခြားပညာတော်သင်ခရီး သွားရတတ်သည်။ အဆင့်အတန်းတူ
မနာလိုဝန်တို သူတို့ရဲ့ သွားပုတ်လေလွှင့် စွပ်စွဲပြောဆိုခြင်း ခံရတတ်
သည်။
နိုင်ငံခြားသား၊ ဘာသာခြားမိတ်ဆွေတို့နှင့် လုပ်ငန်းသစ်များ
တီထွင်လုပ်ကိုင်ရလိမ့် မည်။ ယုံယုံကြည်ကြည် လေးလေးစားစားဖြင့်
တာဝန်ပေးအပ်ခြင်းခံရပြီး လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း နာမည်ရမည်။
အလုပ်များမှာလည်း ပင်ပန်းရကျိုးနပ်သည့်အပြင် တပည့် တပန်းများ
တိုးပွားပြီး သူတို့အပေါ်တွင် သြဇာရှိနေမည်။ အချစ်ရေးတွင်
စန်းပွင့်သော်လည်း မရည်ရွယ်၊ မထင်မှတ်သူနှင့် အိမ်ထောင်ကျတတ်သည်။
ထီပေါက်သကဲ့သို့ ငွေတလုံးတခဲရတတ်သော်လည်း ၀င်ငွေမမြဲဘဲ
နည်းမျိုးစုံဖြင့် တတိတိ ထွက်နေတတ်သည်။ အလုပ်၊ အိုးအိမ်နေရာ
အပြောင်းအလဲရှိသည်။ စိတ်ထဲမှာ လုပ်ချင်တဲ့အလုပ်တွေ အများကြီး
ဖြစ်နေသော်လည်း လက်တွေ့မှာ ရုပ်လုံးဖေါ်လို့မရ ဖြစ်နေမယ်။
မည်သည့်အလုပ်မဆို စဉ်းစားတွေဝေမနေဘဲ ချက်ခြင်းထလုပ်လိုက်ခြင်းဖြင့်
အောင်မြင်မှုရလိမ့်မည်။ ကိုယ်လုပ်ထားတဲ့ အလုပ်တွေဟာလည်း
အလကားဖြစ်မသွားဘဲ ငွေရဖို့နီးစပ်ပြီး အောင်မြင်မယ်။ စိတ်ပျော်ရွှင်စွာ
နေရမယ်။ လုပ်ငန်းတိုင်းမှာလဲ ထူးခြားတဲ့ အရည်အသွေး ပြနိုင်မယ်။
မိသားစုဝင်အချင်းချင်း အထင်အမြင်လွဲနေကြတဲ့ ကိစ္စတွေအားလုံး ပြေလည်ပြီး
ညီညွတ်နေကြမယ်။ ဘာသာရေးမှာ ရည်မှန်းချက် ပြည့်စုံမယ်။ တရားထိုင်ရင်
တရားထူးရပြီး ဘုန်းတန်ခိုးကြီးလိမ့်မည်။ ငွေကြေးအမြတ်အစွန်း
ကောင်းသော်လည်း မင်းစိုးရာဇာနှင့် မကင်း သော အလုပ်ကို
မလုပ်မိပါစေနှင့်။ ငွေကြေးဆုံးရှုံးမည့်အပြင် ရုံးရောက်ဂါတ်ရောက်
အမှုဖြစ် တတ်သည်ကို အထူးဆင်ခြင်ပါ။
သွေးတိုး၊
ဆီးချို နှလုံးရောဂါဖြစ်လို့ ဆေးရုံတက်ရတတ်သည်။ ကျန်းမာရေး ချို့တဲ၊့
ညံ့သည်။ ၀မ်းလျောမယ်။ ဆီးရောဂါ ကြုံတွေ့မယ်။ ဆေးနဲ့ ရောဂါတခြားစီ
ဖြစ်နေမယ်။ အန္တရာယ်မရှိနိုင်ပေမဲ့ ဝေဒနာကို ခံနေရမယ်။
ယတြာ။
။
မိမိ၏
အ၀တ်အစားဟောင်းများကို လျှော်ဖွတ်၍ မရှိဆင်းရဲသားများအား
ပေးလှူလိုက်ခြင်းဖြင့် ကောင်းကျိုးချမ်းသာ ရရှိခံစားရပါလိမ့်မည်။ |