Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

 

 

နှစ်သစ်မှာ ကံကြမ္မာအလှည့်အပြောင်းဟာ ကိုယ့်အတွက် အလွန်ကောင်းနေလို့ တရားမျှတမှု ရှိနေတယ်လို့ စိတ်မှာ ကြည်နူး ခံစားနေရပါတယ်။  ကံနဲ့စပ်လျဉ်းတဲ့ ငွေများ မကြာခဏ ရမယ်။ ထီပေါက်မယ်၊ ငွေဟောင်းကြွေးဟောင်းများ ၀င်မယ်၊ အလုပ်သစ်ဖြင့် ရည်မှန်းချက်ခရီးကိုလည်း အောင်မြင်စွာ သွားနိုင်ပါမယ်။ အထူး သဖြင့် ခရီးသွားရင်း မိတ်ကောင်းဆွေကောင်း၊ သူငယ်ချင်းအသစ် များ ရရှိမယ်။ စီးပွားရေး၊ လူမှုရေး အခက်အခဲများဖြစ်ပါက ကူညီစောင်မ,မည့်သူများ အဆင် သင့် ရောက်ရှိလာ၍ အခက်အခဲများကို လွယ်ကူအောင်မြင်စွာ ဖြေရှင်းနိုင်မည်။

ရပ်ဝေးမိသားစုများထံမှ စိတ်ချမ်းသာစရာ မင်္ဂလာသတင်းကောင်းများ ရရှိတတ်သည်။ တပည့်တပန်းတွေရဲ့ အကူအညီ ရမယ်။ အလုပ်ကောင်းလို့ ငွေဝင်မယ်။ ဆရာသမားရဲ့ စောင့် ရှောက်မှုကို ရရှိလို့ လုပ်ငန်းများ အောင်မြင်မယ်။ ဖခင်ရဲ့ ကျန်းမာရေးအညံ့ရှိသည်။ ကိုယ့်စကား ကို မိသားစုကငြင်းဆန်လို့ စိတ်အနှောင့်အယှက်ဖြစ်ရမယ်။

လုပ်ငန်းများတွင် သြဇာအာဏာရှိသူတို့နှင့် ပြိုင်ဆိုင်နေရသော်လည်း  ကိုယ်က အနိုင် ရမယ်။ ဥစ္စာဓနငွေကြေး ဂုဏ်မောက်မာစွာ ဆက်ဆံမိခြင်းကို အထူးသတိထားပါ။ လက်အောက် ငယ်သားများအပေါ် မကျေမနပ်နဲ့ ခိုင်းစေခြင်းများကို ရှောင်ကျဉ်ပါ။ မနာလိုမရှုစိမ့်သူများ အသက်အန္တရာယ်အထိ ရန်ရှာတတ်ခြင်းများ ဖြစ်တတ်သည်။

အထူးသဖြင့် ဆန့်ကျင်ဖက်လိင်တို့၏ ပြဿနာအခက်အခဲများကြားတွင် ကိုယ်တိုင် ပါဝင်ညှပ်နေတတ်၍ ကံကောင်းသယောင်နှင့် ကံဆိုးခြင်းများ ဖြစ်တတ်ပြီး ဘေးဥပါဒ်အန္တရာယ် နှင့် ကြုံရတတ်သည်။ ဆန့်ကျင်ဘက်လိင် လင်ခိုး၊ မယားခိုး စွပ်စွဲခံရပြီး ဂုဏ်သိက္ခာကျ၊ နာမည် ပျက်တတ်သည်။

မတော်တဆ ထိခိုက်ဒဏ်ရာရရှိတတ်ခြင်းနှင့် ဆေးထိုးဆေးစားမှား ဖြစ်တတ်ခြင်းကို အထူးဂရုပြုပါ။ ၀မ်းဗိုက်ရောဂါဖြစ်ပါက ပေါ့ဆလျှင် ခွဲစိတ်ရသည်ထိ ဖြစ်တတ်သည်ကို ဆင်ခြင် ပါ။  

ယတြာ။              ။ စေတီပုထိုး (သို့မဟုတ်) ဘုန်းကြီးကျောင်းတွင် ဘုရားရေသပ္ပါယ်ခြင်း၊ သောက်ရေ (၉) ခွက်၊ ဆီမီး (၉) တိုင် ထွန်းညှိပူဇော်ဆပ်ကပ်ပြီး “သမ္မာသံဗုဒ္ဓေါ” ဂုဏ်တော် ပုတီးစိပ်၍ လိုရာဆုတောင်းပါ။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org