|
ယခုလအတွင်း ထူးခြားဖြစ်စဉ်
အပျို၊
လူပျိုတို့ ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျခြင်း များလိမ့်မည်။
ရဟန်းသံဃာ တို့ အချင်းချင်း ပုတ်ခတ်စွပ်စွဲကြလို့ သံဃာ့ဂိုဏ်းကွဲခြင်း
ကြုံရမည်။ ဆန်၊ ဆီ၊ ဆေး၊ ဆား ဈေးနှုန်းများ မတည်ငြိမ်ဖြစ်၍ ဈေးတက်မည်။
ဂျာနယ်၊ မဂ္ဂဇင်းများ ဈေးကျလို့ ရောင်းမကောင်း ပါ။
စစ်တပ်တွင်း
အထက်အောက် မကျေနပ်မှု ပိုများပြား၍ အာဏာဖီဆန်မှုများ ပိုမို
ရှုပ်ထွေးလာမည်။ အလုပ်လက်မဲ့များပြားသော်လည်း အိုးအိမ်ဈေးနှုန်းများ
အတက်ကြမ်း နေမည်။ ရာဇ၀တ်မှု ထူပြောသော်လည်း အဂတိလိုက်စားမှု ပိုများလာ၍
မကောင်းမှုလုပ်စားသူ ဒုစရိုက်သမားများ လူရာဝင်နေမည်။ လောင်စာဆီ
ဈေးနှုန်းတက်သော်လည်း ငွေကြေးဈေးနှုန်း တည်ငြိမ်နေသည်။
အသက်မပြည့်သေးသူများ လင်ယူသားမွေးများပြားခြင်း၊ ငယ်ရွယ်သူ တခုလပ်၊
မုဆိုးမများ တိုးပွားခြင်းတို့ ကြုံတွေ့နေကြရမည်။
|