Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

 

 

နှစ်သစ်မှာ စိတ်ကူးကောင်းများရနေသလို လျင်လျင်မြန်မြန် အကောင်ထည်ဖော်နိုင်လိမ့်မည်။ ဘာလုပ်လုပ် သွက်လက်ပေါ့ပါးစွာ လုပ်ကိုင်နိုင်လို့ သူများထက် ရှေ့ကဦးဆောင်ရောက်ရှိနေမည်။ စိတ်ကူးယဉ် မိသားစုအိမ်မက်ကို ဖန်တီးခွင့်ရလို့ လူပျို၊ အပျိုတို့ ချစ်သူသစ်တွေ့ပြီး အိမ်ထောင်ကျကိန်းရှိသည်။ ဆန့်ကျင်ဘက်လိင် တို့၏ စိတ်ဝင်စား အရေးပေးခံရမည်။

ခရီးသွားဖို့ စိတ်ကူးရှိရင် အဆင်ပြေပြေ ခရီးဝေးသွားရမည်။ အိမ်ပြုပြင်ရလိမ့်မည်။ တပည့်တပန်းတို့၏ ပူးပေါင်းဆောက်ရွက်မှု အကူအညီရသလို ဆရာသမားတို့၏ ထောက်ခံ အားပေးမှု အစောင့်အရှောက်ရမည်။ အလုပ်ကောင်းသလို ၀င်ငွေလည်း ကောင်းနေမည်။ လုပ်ငန်းများတွင် သူများအကူအညီနဲ့ အခွင့်အရေးတွေရနေလို့ စိတ်ချမ်းသာ ပျော်ရွှင်စရာဖြစ် နေမယ်။ အတိုက်အခံတွေအပေါ် ယှဉ်ပြိုင်အနိုင်ရမည်။ အရောင်းအ၀ယ်ကောင်းမယ်။ လုပ်ငန်း ထဲမှာ နာမည်ကောင်းရလို့ ဂုဏ်သိက္ခာမြင့်မားမယ်။ လူကြီးသူမတို့၏ ယုံကြည်အားကိုး မျက်နှာ သာပေးခြင်း ခံရမယ်။

အခွင့်အရေးကောင်းတွေ ရနေလို့ ရည်မှန်းချက်တွေ အောင်မြင်မယ်။ ရာထူးတိုးမယ်။ ငွေဝင်မယ်။ ကံကောင်းနေလို့ ၁၊ ၄ ဂဏန်းအပါ ထီထိုးပါ။ အမွေရနိုင်သည်။ ကား၊ ဆိုင်ကယ်၊ ယာဉ်ရထား ၀င်မယ်။ ကြိုးစားသလောက်လဲ အကျိုးခံစားရမယ်။ သားသမီး၊ ညီငယ်၊ ညီမငယ် တို့က ကိုယ့်စကားနားမထောင်ဘဲ ဒုက္ခပေးသွားတတ်သည်။ သူတို့အပူကို ကိုယ်က ဝင်ခံနေရ တတ်သည်။ သူတို့နှင့်ပတ်သက်လို့ အမှုအခင်းကြုံရတတ်ပြီး စိတ်ရှုပ်ထွေး စိတ်ညစ်စရာ ဖြစ်မယ်။

ကိုယ့်ဆီက ပစ္စည်းငှားပြီး လိမ်သွားခံရ၍ စကားများရန်ဖြစ်ရတတ်သည်။ မိသားစုတွင်း အတွင်းရန် သတိပြုပါ။ ပစ္စည်းပေါင်နှံခြင်းများ မလုပ်ရ။ ဆုံးရှုံးမည်။ လက်လွတ်စပယ် ငွေချေး ရင်လည်း ပြန်မရဖြစ်တတ်သည်။ ဖခင် (သို့) ဦးကြီး၊ ဘကြီးတို့ ကျန်းမာရေး ညံ့သည်။ ဂရုစိုက် ပြုစုပါ။

ပေါင်တွင် အနာပေါက်ခြင်း၊ ဒဏ်ရာရရှိခြင်း ဖြစ်တတ်သည်။ မစိုးရိမ်ရပါ။ အစာမကြေ ရောဂါဖြစ်မည်။ ဆေးထိုးမှားတတ်သည်။ မတော်တဆ ထိခိုက်မိတတ်သည်။ အထူးသဖြင့် ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ယာဉ်ရထား မတော်တဆမှု ဂရုပြုပါ။ လိင်နှင့်ပတ်သက်သော ရောဂါ ဖြစ် တတ်သည်။

ယတြာ။              ။ ရဟန်းသံဃာတို့အား ဆွမ်းကပ်၍ လိုရာဆုတောင်းပါ။ မြောက်ဘက်အရပ် မျက်နှာမူပြီး မျက်နှာသစ်၊ ပလုပ်ကျင်းကာ စိတ်ထဲမှ “အောင်ပြီ” ဟု ရည်မှန်းသလို ဖြစ်ထွန်း ပြည့်ဝ ခံစားရမည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org