|

စီးပွားရေးလုပ်ငန်း အတော်များများတွင် လုပ်သလိုမဖြစ်၍ ဖြစ်သလို
လုပ်နေရသည်။ အထင်နှင့်အမြင် တခြားစီ ဖြစ်နေတတ် သည်။ သူယုတ်မာကို
ကိုးကွယ်မိ၍ သူတော်ကောင်းကို ပြစ်မှားမိ သည့် အဖြစ်မျိုးဖြစ်ရတတ်သည်။
ကောင်းသောခရီးဝေး သွားရတတ် သည်။ နိုင်ငံခြားနှင့်ပတ်သက်သော
လုပ်ငန်းများ လုပ်ကိုင်ဖြစ်ထွန်း အောင်မြင်မည်။ ဘာသာခြား၊
နိုင်ငံခြားသား မိတ်ဆွေကောင်းများ၏ အကူအညီ လက်ခံရရှိမည်။ စစ်ဖက်ဆိုင်ရာ
ပုဂ္ဂိုလ်တို့နှင့် စကားများရန်ဖြစ်ကာ ပြဿနာတက် အမှုအခင်းဖြစ်တတ်သည်။
ငွေကြေးကူညီ
ထောက်ပံ့မည့်သူ ပေါများတိုးပွားသည်။ အချစ်ရေးတွင် စန်းပွင့်နေ သော်လည်း
လူသိမခံဘဲ လျှို့လျှို့ဝှက်ဝှက် နေရတတ်သည်။ ပညာရေးတွင် လောဘကြီး၍
ဝန်ပိကာ ပင်ပန်းနေမည်။ နှစ်ခုထက်မကသော အတတ်ပညာ တပြိုက်နက်
ဆည်းပူးနေရတတ် သည်။ မိခင်ဘက်မှ ဆွေးမျိုးများ၊ ဦးလေး၊ ဦးကြီး
ဆွေမျိုးမိတ်ဆွေတို့၏ အကူအညီ ရရှိမယ်။ အလုပ်အကိုင်များ ကြိုးစားသလောက်
အကျိုးခံစားရမည်။ ဟန်ဆောင်ကောင်းသော မိတ်ဆွေ တဦးရဲ့ ငွေလိမ်လည်ခြင်း
ခံရတတ်သည်။ ရင်းထားသော ငွေ ပြန်မပေါ်သေးဘဲ နှောင့်နှေး
ကြန့်ကြာနေသည့်အတွက် ငွေကုန်ပေါက်များသိသာပြီး ငွေကြေး ယာယီအကြပ်အတည်း
ဖြစ်နေ တတ်သည်။
သူများအမှုတွေကို ကိုယ်က၀င်ပြီးဖြေရှင်းရမယ်။ ဒါကြောင့် စိတ်ညစ်လို့
အလုပ်လုပ်တဲ့ အခါ အခက်အခဲကြုံလိမ့်မယ်။ သူတပါးကို အားကိုးမိလို့
အလုပ်တွေလဲ တပိုင်းတစ ဖြစ်နေမယ်။ အနီးကပ်ရန်သူရဲ့ ချောင်းပြီး
ဒုက္ခပေးတာ ခံရမယ်။ လာဘ်ရွှင်၍ ငွေများများဝင်ပြီး ဘုန်းတန်ခိုး
ကြီးလာလိမ့်မည်။ အချို့သော အပြိုင်အဆိုင်လုပ်နေရသော အလုပ်များ
အဆင်မပြေ၊ မရေမရာ ဖြစ်နေမယ်။ ကိုယ့်အား အထင်အမြင်လွဲပြီး
မကောင်းပြောခံရလိမ့်မည်။
အာဏာပိုင်အကြီးအကဲ လူကြီးတို့နှင့် မိတ်ဆွေ အသိအကျွမ်းဖြစ်မည်။
ဤလအတွင်း အမှုအခင်းဖြစ်ပါက ကိုယ်နိုင်မယ်။ ကိုယ့်အတွက် ကံကောင်းနေမည်။
ပြည်တွင်း၊ ပြည်ပခရီးဝေး များ သွားရန်ရည်ရွယ်ချက်ရှိပါက အောင်မြင်စွာ
သွားရောက်နိုင်ရမည်။
မတော်တဆ
ထိခိုက်မိတတ်သည်။ ရင်ခေါင်းနှင့် ပတ်သက်သော ရောဂါ ဖြစ်တတ် သည်။
ပေါင်အကြောနဲ့ပတ်သက်ပြီး ဒုက္ခပေးမယ်။ အရေပြားနဲ့ပတ်သက်တဲ့
ရောဂါအပူနာတွေ ပေါက်မယ်။ ကျောက်ကပ်၊ ဆီးရောဂါ ဒုက္ခပေးမယ်။
ယတြာ။
။
လူကြီးသူမများအား လက်ဖက်လှူဒါန်းကုသိုလ်ပြုခြင်းဖြင့် ကောင်းကျိုး
ချမ်းသာများ ရရှိပါလိမ့်မည်။ |