Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

၂၀၀၈၊ ဖေဖော်ဝါရီ

 

 

ပတ်ဝန်းကျင်မှ ဝေဖန်ပြောဆိုခံခဲ့ရသည့် လုပ်ငန်းများမှ အကျိုးအမြတ်ခံစားခွင့်များ ရရှိမည်။ ရေလမ်းခရီးဖြင့် ခရီးသွားခြင်း ရှောင်ကျဉ်ပါ။ ဘေးအန္တရာယ်ဖြစ်တတ်သည်။ ကာလအတော်ကြာ ရပ်တန့်နေသော အလုပ်များ ပြန်လည်စတင် လုပ်ရတတ်သည်။ ဆုံးပြီဟုထင်မှတ်ထားသော ကြွေးဟောင်း၊ ငွေကြေးများ ပြန်လည် ရရှိမည်။ အိမ်မှ ဆင်းသွားသော မိသားစုများလဲ ပြန်လည်ရောက်ရှိ တတ်သည်။

အတိုက်အခံများနှင့် ပြိုင်ဆိုင်နေရမည်။ လုပ်ငန်းအတူ လုပ်ဖေါ်ကိုင်ဖက် အနီးကပ် မိတ်ဆွေမှ သစ္စာဖောက်လိမ့်မည်။ သားသမီး၊ ညီငယ်ညီမငယ်၊ လက်အောက်ငယ်သားတို့၏ ပညာရေးကံ အထူးကောင်းနေလို့ စိတ်ချမ်းသာရမည်။ ကိုယ်တိုင်လဲ ပညာသင်ကြားရလို့ စာမေး ပွဲများ အောင်မြင်မယ်။ ငွေကျပျောက်ခြင်း၊ သူခိုးအခုခံရခြင်း ဖြစ်တတ်သည်။ မိခင်၊ ကြီးတော်တို့ ကျန်းမာရေးချို့တဲ့လိမ့်မည်။

အစားအသောက်ကောင်း စားသောက်ရပြီး အ၀တ်အစားကောင်း ၀တ်စားရတတ် သည်။ စာပေအနုပညာနဲ့ပတ်သက်ပြီး အကျိုးပေးမည်။ ရောဂါဘေးအန္တရာယ်များ ကင်းရှင်းနေ လို့ စိတ်ချမ်းသာကိုယ်ချမ်းသာ ဖြစ်မယ်။ အိမ်ထောင်ရေး၊ အိမ်တွင်းရေးတို့မှာလည်း စိတ်ချမ်း သာမှု ရမည်။ လုပ်ငန်းအတိုက်အခံများအပေါ် ရန်သူကို အောင်နိုင်မည်။ ရွှေငွေလက်ဝတ်ရတနာ ပျောက်ဆုံးခြင်း၊ အခိုးခံရခြင်း (သို့မဟုတ်) အပေါင်ဆုံးခြင်း၊ ရောင်းပစ်လိုက်ရခြင်းတို့ ဖြစ်မည်။ ရပ်ဝေးမှ ဆွေမျိုး အမျိုးသမီးများ အိမ်မှာ လာရောက်တည်းခိုးပါက အိမ်တွင်းရေး ပြဿနာတက် တတ်သည်။

အိမ်ထောင်သည်များ လင်မယားချင်း ရန်ဖြစ်၍ အိမ်မှ ဆင်းသွားတတ်သည်။ အတူ နေသူ မိသားစုအတွင်း အလုပ်ပြုတ်ခြင်း၊ အလုပ်အကိုင်ပြောင်းရွေ့ခြင်း ကြုံတွေ့ရမည်။ မိတ်ဆွေတဦးထံမှ ဘုရားလက်ဆောင်ရရှိပါက ထီထိုးလျှင် ဆုကြီးပေါက်တတ်သည်။

အမြင့်ပေါ်က လိမ့်ကျတာမျိုး၊ ဒူးနာတာမျိုး ဖြစ်လိမ့်မည်။ လေထိုးလေအောင့် ဝမ်းဗိုက်နှင့်ပတ်သက်သော ရောဂါများ အထူးဂရုစိုက်ပါ။ ခွဲစိတ်ရသည်အထိ ဖြစ်တတ်သည်။                              

ယတြာ။              ။ ရဟန်းသံဃာတော်များအား ဆန်၊ ဆီ၊ ဆေး၊ ဆား လှူဒါန်းခြင်းဖြင့် စိတ်ချမ်းသာခြင်း၊ ကိုယ်ချမ်းသာခြင်း ပြည့်စုံမည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org