|

ကိုယ်လုပ်ခဲ့သမျှ အလုပ်တို့ သဲထဲရေသွန်သလို ဘာမှ အကျိုးမရှိဘဲ
ဆုံးရှုံးရတတ်သည်။ အထင်သေးခြင်း၊ အထင်အမြင် လွဲမှားခြင်းဖြင့်
အစွပ်စွဲခံရတတ်သည်။ ခရီးသွားရန် မသင့်သည့် လ ဖြစ်သည်။
မဖြစ်မနေသွားရလျှင်လည်း နာရေးကိစ္စအတွက် သွားရ တတ်သည်။ သားသမီး၊
ညီငယ်ညီမငယ် လက်အောက်ငယ်သားတို့ အတွက် ပညာရေး၊ လူမှုရေး ပူပင်ရတတ်သည်။
သူတို့အတွက် ကျန်းမာရေးလည်း စိုးရိမ်ရသည်။
အလုပ်အကိုင်မကောင်းသော်လည်း ထီပေါက်သလို ငွေရွှင်နေတတ်သည်။ ပေးကမ်း
ကူညီမည့် သူတို့ကြောင့် လာဘ်လာဘရွှင်နေမည်။ အိမ်ထောင်သည် ယောင်္ကျား၊
မိန်းမတို့နှင့် ငြိစွန်းတတ်သည်ကို အထူးဂရုပြုပါ။ အလုပ်အကိုင်
(သို့မဟုတ်) အိုးအိမ်ပြောင်းရွှေ့ရတတ် သည်။ မလွှဲရှောင်သာဘဲ
အိမ်ထောင်ကျတတ်သည်။ မိမိရသင့်သည့် အခွင့်အရေးများကို အနီးကပ်
မိတ်ဆွေတို့၏ လုခြင်းခံရတတ်သည်။ နာမည်အဖျက်ခံရတတ်သည်။ မိသားစုဝင်တို့၏
အခက်အခဲများကို လိုက်လံဖြေရှင်းပေးနေရတတ်သည်။
ကိုယ့်လောက်
အရည်အသွေး မရှိသူက ကိုယ့်အခွင့်အရေးတွေကို စီးပွားရေးနှင့်
လူမှုရေးလုပ်ငန်းတို့တွင် အတိုက်အခံ၊ အပြိုင်အဆိုင် အမြဲရှိနေမည်။
မိသားစုနဲ့ မပတ်သက်သူ တဦးက ၀င်စွက်လို့ အိမ်တွင်းရေးမှာ
ကမောက်ကမဖြစ်နေမယ်။ အပြောအဆို ဆင်ခြင်ပါ။ မိသားစုဝင်အချင်းချင်း
အခြေအတင် စကားများရတတ်သည်။ လက်အောက်ငယ်သားတို့နှင့် ပတ်သက်ပြီး
စကားများရတတ်သည်။
သွားချင်သော
ခရီးလမ်းကြောင်း သွားခါနီးမှ ပျက်ရတတ်သည်။ သူများကိစ္စနဲ့ ပတ်သက်ပြီး
စကားအများကြီး ပြောနေရမယ်။ ကိုယ်က ရှောင်ထွက်ရင်ရရဲ့သားနဲ့
မရှောင်မိတဲ့ အတွက် ပြဿနာတွေ ကြီးထွားလာလိမ့်မယ်။ ရပ်ဝေးက မိတ်ဆွေတို့၏
အကူအညီရမည်။ ရပ်ဝေးမှ စိတ်ချမ်းသာစရာ သတင်းစကား ကြားရမည်။
မိန်းမကျန်းမာရေး အညံ့ရှိမည်။ ငွေ အစုလိုက်အပုံလိုက် ရရှိသော်လည်း
တတိတိနှင့် ပြန်ထွက်ပြီး ငွေအဖတ်မတင်ဘဲ ပြန်ကုန်ရ တတ်သည်။ မိသားစုဝင်
သားသမီး၊ ညီငယ်ညီမငယ်တို့အတွက် စိတ်ညစ်နေရမည်။
မတော်တဆထိခိုက်မှုများ ဖြစ်တတ်သည်ကို သတိပြုပါ။ ရင်ခေါင်းနှင့်
ပတ်သက်သော ရောဂါဖြစ်တတ်သည်။
ယတြာ။
။
ရေစီးဆင်းနေသော ရေမြောင်း၊ ချောင်းများတွင် အိမ်မှ အ၀တ်စုတ်တခုကို
ရေမျှောစွန့်ပစ်လိုက်ပြီး လိုရာဆုတောင်းပါ။ |