Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

၂၀၀၈၊ ဖေဖော်ဝါရီ

 

 

သားသမီး၊ ညီ၊ညီမငယ်၊ ဆွေမျိုးတို့ ဒုက္ခပေး၍ စိတ်ညစ်နေ ရသည့် ကာလဖြစ်နေမည်။ သူတို့၏ ပြဿနာများကို တခုပြီးတခု လိုက်ရှင်းပေးနေရ၍လည်း စိတ်ပန်း၊ လူပန်းဖြစ်ရုံသာမက အချိန်ကုန် ငွေကုန် ဖြစ်ရတတ်သည်။  မိမိစေတနာကို အသိအမှတ်မပြု ကျေးဇူး ကန်းတတ်သည့် ဆွေမျိုးများကြောင့် ဒေါသထွက်၍ စိတ်မသက်မသာ ဖြစ်ရမည်။ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော မပြီးဆုံးနိုင်သည့် အလုပ် များကို ထပ်ကာတလဲလဲ လုပ်နေရတတ်သည်။

နိုင်ငံခြားသား၊ ဘာသာခြားတို့နှင့် မိတ်ဆွေဖြစ်ရမည်။ လက်အောက် တပည့်ငယ်သား တို့ရဲ့ အကူအညီရရှိမယ်။ လုပ်ငန်းသစ်၊ အလုပ်သစ်များလုပ်ရရင် ကောင်းသည်။ ထီပေါက် သကဲ့သို့ ငွေအစုလိုက်အပုံလိုက် ရသော်လည်း တအိအိ ပြန်ထွက်နေ၍ ငွေမမြဲတတ်ပါ။ အစွပ်စွဲ၊ အထင်လွဲခံရပြီးမှ မထင်မှတ်ဘဲ အိမ်ထောင်ကျတတ်သည်။ အိမ်ထောင်သည်များအတွက် အိမ်ထောင်ဘက် ခင်ပွန်း၊ ဇနီးတို့၏ အကြံဉာဏ်ဦးဆောင်မှုနဲ့ လုပ်စေတဲ့အလုပ်အားလုံး အောင်မြင်မယ်။ ခင်ပွန်း၊ ဇနီးတို့က နားလည်မှုရှိ အားပေးမှုကြောင့် စိတ်ချမ်းသာမည်။

ရစရာရှိတာတွေရပြီး ပေးစရာရှိတာတွေကိုလဲ ပြန်ပေးလိုက်ရ၍ အချိန်ကုန် လူပန်း၊ သဲထဲရေသွန်အလုပ်များ ဖြစ်နေသော်လည်း အေးချမ်းစွာ ရောင့်ရဲတင်းတိမ်မှုရရှိမည်။ အကြံအစီနဲ့သွားတဲ့ ခရီးလမ်း တ၀က်တပျက်နဲ့ ပြန်လာရတတ်သည်။ 

အချစ်ရေးတွင် ဆန့်ကျင်ဘက်လိင်တို့၏ မျက်နှာသာပေး၊ အရေးပေး ခံရတတ်သော် လည်း ကိုယ်တိုင်မှာ စိတ်ဝင်စားမှု အလွန်နည်းပါးနေတတ်သည်။ ချစ်သူ၏ အထင်အမြင်လွဲ၊ အစွပ်စွဲခံရတတ်သော်လည်း မိမိ၏ တည်ငြိမ်မှုနှင့် ပတ်ဝန်းကျင်၏ ဖြောင့်ဖျပေးမှုတို့ကြောင့် အဆင်ပြေရတတ်သည်။ မိမိနှင့် မိသားစုအတွက် အန္တရာယ်ကြီးသော ပြဿနာတရပ်ကို ရင်ဆိုင် ကြုံတွေ့ရတတ်သည်။

ကျန်းမာရေး ချူခြာချို့တဲ့မယ်။  အန္တရာယ်မရှိပေမဲ့ ဆီးရောဂါ၊ ၀မ်းလျှောရောဂါ မကြာခဏဖြစ်တတ်၍ အလုပ်ပျက် အကိုင်ပျက် ဖြစ်ရတတ်သည်။ ဆေးနဲ့ရောဂါလည်း တခြားစီ ဖြစ်တတ်တယ်။ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတို့ကြောင့် ဆေးရုံတက်ရောက်ရတတ်သည်။

ယတြာ။              ။ တန်ခိုးကြီး ဘုရားတဆူဆူတွင် ဆီးမီးပူဇော်ခြင်း၊ ရှားမီးထွန်းညှိပူဇော်ခြင်း ပြုလုပ်ပါက အဆိုးများပျောက်ပျက်၍ အကောင်းတရားများ ရောက်ရှိလာပါလိမ့်မည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org