Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

၂၀၀၈၊ ဖေဖော်ဝါရီ

 

 

ဤလအတွင်း လျှို့ဝှက်လုပ်ငန်းများ လုပ်ကိုင်အောင်မြင် မည်။ အတတ်ပညာတခုကြောင့် ငွေကြေးဥစ္စာရရှိမည်။ သူတော် ကောင်း မိတ်ဆွေသစ်များ တိုးမည်။ မိသားစုအတွင်း ငွေကြေးကိစ္စ ကြောင့် စကားများပြီး တဦးနှင့်တဦး အကောင်းမမြင်ဘဲ အပြန် အလှန် စွပ်စွဲခြင်းများ ရှိတတ်သည်။ စီးပွားရေးလုပ်ငန်းထက် မိသားစု အိမ်အလုပ်တို့ဖြင့် အလုပ်ရှုပ်နေတတ်သည်။ ကံတရားကို အားကိုး ၍မရ၊ ၀ိရိယအကျိုး ခံစားရမည်။ အထူးသဖြင့် ခရီးသွားခြင်းအားဖြင့် မိတ်ဆွေသစ်များတိုးပြီး၊ နေရာသစ်များတွင် အတတ်ပညာလုပ်ငန်းအသစ်များ တီထွင်လုပ်ကိုင်နိုင်ပြီး  အပင်အပန်းခံနိုင် သလောက် အကျိုးဖြစ်ထွန်းအောင်မြင်မည်။

ရပ်ဝေးမှ အမင်္ဂလာသတင်းဆိုး ကြားသိရ၍ စိတ်မချမ်းသာဖြစ်ရမည်။ တနေရာနှင့် တနေရာ ကူးသန်းရောင်းဝယ်သော အရောင်းအ၀ယ်လုပ်ငန်းများ အကျိုးပေးမည်။ မိဘ လက်ငုတ်လက်ရင်း စီးပွားရေးလုပ်ငန်းများကိုလည်း ဦးဆောင်လုပ်ကိုင်ပေးရမည်။ မိသားစု အိမ်အသုံးစရိတ် ငွေကုန်ကြေးကျ များနေမယ်။ မိသားစုအတွင်း အဆင်မပြေမှုများကြောင့် အိမ်နေချင်စိတ် နည်းနေမယ်။ လုပ်ငန်းခွင်အတွင်း မိမိ၏ လက်အောက်ငယ်သားများကြောင့် အရှက်ကွဲ သိက္ခာကျမည်။ နိုင်ငံခြားရပ်ဝေး ခရီးစဉ်တခုသွားခါနီးမှ တစုံတယောက် ကျန်းမာရေး ကြောင့် ပျက်ရလိမ့်မည်။ မိတ်ဆွေအပေါင်းအသင်းကြားတွင် သူများကိစ္စနှင့် ပတ်သက်၍ စကားများကြီး ပြောနေရမည်။ ကိုယ်က ရှောင်ထွက်ရင်ရရဲ့သားနဲ့ မရှောင်မိတဲ့အတွက် ပြဿနာတွေ ကြီးထွားလာလိမ့်မည်။

မည်သည့်လုပ်ငန်းတွင်မဆို သူများကို မျက်နှာလွှဲထား၍ မရ၊ ကိုယ်ကဦးဆောင်ပြီး စလုပ်မှသာ အလုပ်တွေလုပ်ဖြစ်လိမ့်မယ်။ မထင်မှတ်ထားသော ငွေများ၊ မမျှော်လင့်ဘဲ ရရှိလိမ့် မည်။ ရပ်ဝေးမှ မိမိထံသို့လာရောက်သော မိတ်ဆွေတဦးရဲ့ အကူအညီကောင်း ရရှိလိမ့်မည်။ ငွေအစုလိုက်အပုံလိုက် ရနိုင်သည်။ အတူနေ မိသားစုတွင်း ကျန်းမာရေးချူခြာနေလို့ အလုပ်ရှုပ် စိတ်ပူနေရမယ်။  ဂုဏ်သရေရှိသော လုပ်ငန်းကို ဦးဆောင်လုပ်ကိုင်ရပြီး သူများက နေရာပေး အရေးတယူ ဆက်ဆံရမည်။

အဆိပ်ရှိသောသတ္တ၀ါတို့ အကိုက်ခံရတတ်သည်။ အစာအဆိပ်ဖြစ်ခြင်း၊ ဆေးထိုး၊ ဆေးစားမှားခြင်းတို့ ဖြစ်တတ်သည်။     

ယတြာ။              ။ ခွေး၊ ကြောင်၊ ကျေးငှက်တို့ကို အစာကျွေး၊ အလှူဒါန အမြဲမပြတ် ပြုလုပ် ပါ။ ကလေးငယ်များအတွက် ကစားစရာ၊ စားစရာ ပေးကမ်းစွန့်ကြဲပါက စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ကုသိုလ်ကံ ကောင်းလာပါလိမ့်မည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org