|
ယခုလအတွင်း ထူးခြားဖြစ်စဉ်
မိဘနှင့်သားသမီး၊ လင်နှင့်မယား၊ ဆရာနှင့်တပည့်များအကြား အမြင်မတူသည့်
သဘောထားကွဲလွဲမှု ပဋိပက္ခဖြစ်မည်။ အထူးသဖြင့် လူငယ်နှင့်
လူကြီးများအကြားတွင် ခေတ် ရေစီးကြောင်း၏ အဓိပ္ပါယ်ဖွင့်ဆိုမှုများ
ဆန့်ကျင်ဘက်ဖြစ်နေတတ်သည်။
မအောင်မြင်သော မြန်မာနိုင်ငံခေါင်းဆောင်များအား လုပ်ကြံမှုမျိုး
ဖြစ်တတ်သည်။ ပညာတတ်များ တိုးပွားများပြားလာသလောက်၊ အတွေးအခေါ်၊ အယူအဆ
တယောက်တပေါက် မျိုးစုံကြားနေရတတ်သည်။ လူမျိုးရေး၊ ဘာသာရေး
အဓိကရုဏ်းများ ကြီးကြီးမားမား နေရာအနှံ့ ဖြစ်တတ်သည်။
မိုးခေါင်ရေရှားပါးမှုနှင့် ရေကြီးနစ်မြုပ်နေမှု တပြိုင်နက်ဖြစ်နေမည်။
အထက်အညာတွင် ပြည်သူတို့ အစာရေစာငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့နေရသလို
အောက်ပြည်အောက်ရွာတွင် စစ်သည်စစ်သားများ ရိက္ခာရှားပါးပြတ်လပ်မှု
ကြုံတွေ့နေရမည်။ နာမည်ကြီး စာရေးဆရာ၊ သဘင်အနုပညာသည်၏
နာရေးသတင်းကြားရမည်။
|