Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

၂၀၀၈၊ ဖေဖော်ဝါရီ

 

 

ယခုလအတွင်း လောဘ၊ ဒေါသကင်း၍ စိတ်အေးချမ်းသာ စွာ ရောင့်ရဲတင်းတိမ်မှုရှိနေသည်။ ရန်သူ၏ တိုက်ခိုက်နေမှုကိုပင် ဥပက္ခာပြုနိုင်၍ အများက ကြည်ညိုလေးစားမှု ခံရသလို ကိုယ်တိုင်မှာ လည်း ပျော်ရွှင် စိတ်ချမ်းသာနေမည်။ စီးပွားရေး၊ လူမှုရေး၊ အချစ် ရေးတို့တွင် ကံဇာတာ အလွန်ကောင်းနေသည်။ ထီပေါက်ကိန်း ရှိသည်။ (၃၊ ၂) ဂဏန်းများ အကျိုးပေးမည်။ သူများအမှုတွေကို  ကိုယ်က ၀င်ဖြေရှင်းပေးနေရပြီး ရန်ပွဲများကြားတွင် ကြားညှပ်တတ်သည်။

သူများအလုပ်တွေကို လိုက်ပြီး လက်စသတ်အောင် လိုက်လုပ်ပေးနေရလို့ အခက်အခဲ အမျိုးမျိုး ကြုံတွေ့ရပြီး စိတ်ညစ်စရာဖြစ်နေမယ်။ သို့သော် ကိုယ်တိုင်အတွက် ငွေကြေး အကျိုးအမြတ် များများရတတ်သည်။ ဆွေမျိုးသားချင်းထဲက တယောက်နဲ့ပတ်သက်ပြီး မကောင်းတဲ့ သတင်းစကား ကြားရတတ်သည်။ စိတ်ရှုပ်စရာများကြားမှ မပျော်ရွှင် စိတ်မပါဘဲ ခရီးသွားရတတ်သည်။ လဘ်လာဘကောင်း၍ ငွေများများ ၀င်ကိန်းရှိသည်။ လုပ်တိုင်းဖြစ်တယ် လို့ ပြောရလောက်အောင် ဘုန်းတန်ခိုးကြီးလိမ့်မည်။

အနီးကပ်ရန်သူရဲ့ ချောင်းပြီး ဒုက္ခပေးတာခံရသော်လည်း မိမိမှပင် အသာစီးရ၊ အနိုင်ရ တတ်သည်။ လုပ်ငန်းအောင်မြင်မှုများတွင် ပြိုက်ဖက်ရန်သူတို့၏ ကြည်ညိုလေးစားမှု ခံရ လောက်အောင်ပင် ဂုဏ်သတင်းကြီးမြတ်မှုရမည်။ အမျိုးသမီးဆွေမျိုးအသစ်များ တိုးမည်။ အဝတ်အစား လက်ဆောင်ပစ္စည်များ ရရှိမည်။ မိမိသွားလိုသော ခရီးကို အဆင်ပြေပြေ သွားဖြစ် မည်။ မင်းစိုးရာဇာ၊ လူကြီးလူကောင်းတို့နှင့် အသိမိတ်ဆွေဖြစ်ခွင့်ရမည်။ နာမည်ရ၊ အာဏာရ၊ ဘုန်းတန်ခိုးကြီးလို့ လုပ်ချင်တာတွေ အောင်မြင်မယ်။

အာရုံကြောနှင့် ပတ်သက်ပြီး ရောဂါဖြစ်တတ် သည်။ အအေးပတ် လေငန်းဖြစ်ခြင်း၊ နှလုံးရောဂါ ဖောက်ပြန်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ခြင်း၊ သွေးကြောပြတ်ခြင်း စသည့်ရောဂါကြီးများ ကြောင့် ကျန်းမာရေးအဆိုးဖြင့် ကြုံရတတ်သဖြင့် အနေအထိုင်၊ အစားအသောက် သတိထား ဆင်ခြင်ပါ။ မဆင်မခြင်မိ၍ ရောဂါပြင်းထန်လျှင် အသက်ဆုံးရှုံးသည်အထိ ဖြစ်တတ်သည်။ ကျောက်ကပ်ရောဂါ၊ ဆီးရောဂါ ဒုက္ခပေးလို့ အဖောအရောင်ဖြစ်လိမ့်မည်။

ယတြာ။              ။ လိုအပ်နေသူများအား ဆေးလှူဒါန်းခြင်း၊ ငှက်များအား ဆန်စပါးကျွေးမွေး ခြင်းတို့ကြောင့် ဂြိုလ်အဆိုးအညံ့များ ပျောက်၍ ကောင်းကျိုးချမ်းသာများ ရရှိလာပါလိမ့်မည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org