|

ဤလအတွင်း
ကုသိုလ်ကောင်းမှုများ လုပ်နေရသော်လည်း အကောင်း မမြင်သူများ၏
အကဲ့ရဲ့ခံနေရတတ်ပါသည်။ အလုပ်အကိုင်များ အလုပ် ဖြစ် အဆင်ပြေနေသော်လည်း
မင်းစိုးရာဇာတို့၏ အနှောင့်မယှက် အဟန့်အတားများက ရှိနေသေးသည်။ စုတ်ရော
လာဘ်ရော တွဲနေ၍ အချစ်ရေးနှင့် ငွေကြေးများ နှစ်ခုစလုံးပြိုင်နက်
အဆင်ပြေနေသည်။ အသိဉာဏ်နှင့် ကုသိုလ်ကံသည် ဒွန်တွဲနေသဖြင့် ဉာဏ်ပညာ
ထက်မြက်လေ ကုသိုလ်ကံကောင်းလေဖြစ်မည်။ အတတ်ပညာများဖြင့်
ဉာဏ်ကွန့်မြူးပြီး တီထွင် နိုင်လေ ပိုက်ဆံပို၍ များများရလေဖြစ်နေမည်။
မိသားစု ဆွေမျိုးများနှင့် တွဲ၍ လုပ်ကိုင်နေသော လုပ်ငန်းများ
အထူးအောင်မြင်မည်။ မိသားစုများနှင့်လည်း ပျော်ပျော်ပါးပါး
သိုက်သိုက်ဝန်းဝန်း နေရမည်။ နိုင်ငံရပ်ခြားလုပ်ငန်းများ၊
နိုင်ငံခြားသားများနှင့် အတူတွဲ၍ လုပ်ကိုင်နေသော လုပ်ငန်းများ
ဆုံးရှုံးမည်။ အလိမ်ခံရတတ်၊ အထင်အမြင်လွဲခံရတတ်သည်။ ခရီးတိုများ မကြာခဏ
သွားနေရတတ်သည်။ ထီပေါက်နိုင်သောဂဏန်းများမှာ ၅၊ ၇၊ ၉ ဖြစ်ပြီး အက္ခရာမှာ
(က၊ ခ၊ ဂ၊ ဃ၊ င) (သို့မဟုတ်) (k, g ) ဖြစ်သည်။
ညီအကိုမောင်နှမများနှင့်တော့ ‘နီးတကျက် ကျက် ဝေးတသက်သက်’ ဖြစ်ပါမည်။
ကွဲကွာနေသောမိဘများ လူကြီးသူမများနှင့် ပြန်လည် ဆုံတွေ့ရမည်။
တနင်္လာသားသမီးများနှင့် ချစ်ကျွမ်းဝင်မည်။ တနင်္ဂနွေနှင့်
အင်္ဂါသားသမီးများက ဒုက္ခပေးမည်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းများ
တွဲမလုပ်နှင့်၊ ဆုံးရှုံးနစ်နာတတ်သည်။ ၄င်းနေ့ သားသမီးများနှင့်လည်း
ပတ်ဝန်းကျင်က စွပ်စွဲတတ်၍ အိမ်ထောင်ရေးများ အရှုပ်အရှင်းဖြစ်ပြီး
ပျက်စီးပြိုကွဲတတ်သည်။
ယတြာ။
။ဘုရားတွင် သဲပုံစေတီ ပူဇော်ပြီး စံပယ်ပန်း၊ စိန်ပန်းတို့
ကပ်လှူပူဇော်၍ လိုရာ ဆုတောင်းပါက အားလုံးပြည့်စုံပါသည်။ |