Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

ဖေဖော်ဝါရီ၊ ၂၀၀၇

 

မိတ်ဆွေအပေါင်းအသင်းများနှင့် အတူတွဲ၍ အလုပ်လုပ်ကိုင်နေရ၊ ခရီး အတူသွား၊ တွေ့ဆုံပျော်ပါးနေရသည့် အချိန်ကများပြီး မိသားစုနှင့် အတူ နေရသည့်အချိန်ကနည်းနေ၍လည်း လင်ယောင်္ကျား၊ ဇနီးမယား အတွက် စိတ်မချ ပူပန်နေရတတ်သည်။ အတတ်ပညာ အသစ်အဆန်း များကိုလည်း လိုက်မမှီမှာကို စိုးရိမ်ပူပန်နေရသည်။ အလုပ်အကိုင် လုပ်ငန်းများကလည်း ကတိုက်ကရိုက် မြန်မြန်ဆန်ဆန် လုပ်ကိုင် ဆောင်ရွက်နေရတတ်သည်။ ဝိရိယအကျိုး ခံစားနေရသည်။ စစ်ဘက် ဆိုင်ရာ ရာထူးတက်ခြင်း၊ စစ်လက်နက်ပစ္စည်းများ အရောင်းအဝယ်အလုပ်ဖြစ် အကျိုးပေးမည်။ စိတ်ဓါတ်အတက်အကျမြန်၍ နှလုံးရောဂါဖြစ်တတ်သည်။ သောကြာသားသမီးတို့၏ အကူအညီ ပေးမှုကြောင့် လုပ်ငန်းကိုင်ငန်းအသစ်၊ အလုပ်ကိုင်သစ် ရရှိဆင်ပြေမည်။ အိုးပိုင်အိမ်ပိုင် အသစ်နှင့် နေထိုင်ရမည်။ အထူးသဖြင့် မိမိတစ်ယောက်တည်း တွေးခေါ်ကြံဆ၍ရသော လုပ်ငန်း များကို မိတ်ဆွေလုပ်ဖော်ကိုင်ဖက်များနှင့် တိုင်ပင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မည်။ စာသင်ကျောင်းများ ဆောက်လုပ်ရာတွင် ပါဝင်ဆောင်ရွက်ပေးရခြင်း စာသင် ကြားပေးရခြင်း စသည့် ပညာဒါနများ ဆောင်ရွက်ရမည်။  အိမ်ထောင်သည်များ သားသမီး ထွန်းကားမည်။ ရွှေ၊ ငွေဝင်မည်၊ အလှူပေးရခြင်း၊ ငွေပေးခြင်း၊ ယူခြင်း စသည်တို့ကို အိမ်မက် လျှင် ထီထိုးပါက ထီဆုကြီးပေါက်လိမ့်မည်။ စနေနေ့တွင် ( ၇၊ ၀ ) ဂဏန်းပါသော ထီလက်မှတ် ကို ရှာ၍ ထီထိုးပါ။ ရောင်းမှားဝယ်မှားဖြစ်မှုကြောင့် အမှုအခင်းရင်ဆိုင်ရတတ်ပြီး အချုပ်အနှောင် ခံရခြင်း ဖြစ်တတ်သည်ကို အထူးဂရုစိုက်ပါ။ အအေးမိရောဂါ၊ ဆေးမှားသုံးစွဲမှုမျိုး ဖြစ်တတ်သည်။ အဆစ်အမြစ်ကိုက်ခဲခြင်းနှင့် လေးဘက်နာရောဂါများ ဖြစ်တတ်သည်။

ယတြာ။          ။ စစ်အသုံးအဆောင်ပစ္စည်းအဟောင်း (သို့မဟုတ်) စက်ပစ္စည်း အစုတ် အဟောင်းကို အရှေ့တောင်ထောင့်အရပ်တွင် စွန့်ပစ်ပြီး “အဟောင်းပြန်သွား၊ အသစ်အမြန်လာ” ဟု (၃)ခေါက် ရွတ်ဆိုပြီး စွန့်ပစ်လိုက်ပါက တလအတွင်း စုတ်ကြီးလာဘ်ကြီးဝင်ပေမည်။

 
 
 
........................................................................................................................

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org